EPL News

မန်ချက် ၂သင်း အကြောင်း ပြောသူ

Aug 02 , 2017

မိမိတို့အနေနှင့် မန်ချက်စတာမြို့ခံ ၂သင်းဖြစ်သော မန်ယူ၊ မန်စီးတီးတို့နှင့် အပြောင်းအရွှေ့ဈေးကွက်အတွင်းတွင် တန်းတူအပြိုင် အဆိုင် ဝယ်ယူနိုင်မှုမရှိကြောင်း စပါးနည်းပြ ပိုချက်တီနိုက ပြောဆိုလိုက်သည်။

မန်ယူနှင့် မန်စီးတီးအသင်းတို့မှာ ကစားသမားသစ် ဝယ်ယူရေးအတွက်ခြေသွက်လက်သွက် လှုပ်ရှားနေသော်လည်း စပါးအသင်းမှာ ကစားသမားသစ် ခေါ်ယူနိုင်မှုမရှိသေးပဲ ဝေါလ်ကာကို ပေါင်သန်း ၅၀ ဖြသ့် ထုတ်ရောင်းခဲ့ပြီး ဖြစ်သည်။

ပိုချက်တီနိုက အခုအချိန်မှာ ဟယ်ရီကိန်း၊ အယ်လီတို့လို အစွမ်းအစရှိတဲ့ ကစားသမားမျိုး ရှာရတာ သိပ်ခက်ပါတယ်။ ကျနော်တို့ အသင်းအနေနဲ့ ဈေးကွက်ထဲမှာ မန်ယူ၊ မန်စီးတီးတို့နဲ့ အပြိုင် ငွေထုတ်ပိုက်ပြီး  လူရှာမဝယ်နိုင်တာ ပရိသတ်တွေလည်း သိပါတယ်။ ဒါပေမဲ့ နာမည်ကြီးတိုင်း ဈေးကြီးတိုင်းလည်း အသင်းနဲ့ အံဝင်မယ်လို့ ထင်ရင် မှားပါလိမ့်မယ်။ ကျနော်အနေနဲ့ ကတော့ လူငယ်ကစားသမားတွေနဲ့ အလုပ်လုပ်ရတာ ပိုကြိုက်သလို သူတို့ကို  ကိုယ်လိုချင်တဲ့ ပုံသွင်းဖို့လည်း လွယ်ပါတယ်။ ဘယ်လို ပဲဖြစ်ဖြစ် ကျနော်တို့ဟာ မနှစ်က ခြေစွမ်းနဲ့ ရလဒ်မျိုး ပြန်ရဖို့ အားထုတ်သွားမှာပါဟု ပြောဆိုသွားခဲ့သည်။

စပါးမှာ လွန်ခဲ့သော ရာသီက ပရီးမီးယားလိဂ် အဆင့် ၂ဖြင့် ရာသီသိမ်းနိုင်ခဲ့သော အသင်းဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here