EPL News

မော်ရင်ဟိုအခေါ်ကို စောင့်နေသူ

Aug 02 , 2017

တာတိုအပြေးချန်ပီယံ အူစိန်ဘော့က သူ့အနေနှင့် မန်ယူတွင် ကစားလိုသောကြောင့် မန်ယူနည်းပြ မော်ရင်ဟို၏ အခေါ်ကို စောင့်နေကြောင်း ပြောဆိုလိုက်သည်။

အသက် ၃၀ အရွယ် ဂျမေကာနိုင်ငံသား အူစိန်ဘော့မှာ လန်ဒန်တွင် ကျင်းပမည့် IAAF ကမ္ဘာ့ချန်ပီယံရှစ် အပြေးပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်နေပြီး သူလွန်စွာ နှစ်သက်သည့် မန်ယူအသင်းအတွက် ကစားပေးနိုင်သူ ဖြစ်လိုခြင်း ဖြစ်သည်။

အိုလံပစ် ရွှေတံဆိပ် (၈) ကြိမ်ရထားသူ အပြေး ချန်ပီယံ အူစိန်ဘော့က "ကျနော် ဘောလုံးကစားချင်တယ်လို့ အမြဲတမ်း ပြောလေ့ရှိတာကို လူတိုင်းသိပါတယ်။ တကယ်လည်း ကစားချင်လှပြီမို့ မော်ရင်ဟို ဘယ်အချိန်ခေါ်မလဲလို့ စောင့်နေသူပါ။ ကျနော်စိတ်ထင်အပြောင်းအရွှေ့ မပိတ်ခင် သူခေါ်မယ် ထင်ထာပါပဲ" ဟု ပြောဆိုခဲ့သည်။

အူစိန်ဘော့ပြိုင်ပွဲဝင်မည့် လန်ဒန် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲကို လာမည့် သောကြာနေ့တွင် ကျင်းပမည် ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here