Gossips

အထုတ်ခံရတော့မည့် ကိုးလ်

Aug 02 , 2017

ပရီးမီးယားလိဂ် တိုက်စစ်မှုးဟောင်း တစ်ဦးဖြစ်သူ ကာလ်တန်ကိုးမှာ အင်ဒိုနီးရှားကလပ် ပါဆစ် ဘန်ဒေါင်းတွင် ကစားနေသူဖြစ်ပြီး ယခုအချိန်ထိ ဂိုးမသွင်းနိုင်သေးသောကြောင့် အသင်းမှ ထုတ်ပယ်ခံရမည့်အရေးနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

အသက် ၃၃ နှစ်ရှိပြီဖြစ်သော ကိုးလ်မှာ ဝက်စ်ဟမ်း၊ ချဲလ်ဆီးတို့တွင် ကစားခဲ့ဖူးသူဖြစ်ပြီး ၂၀၁၇ မတ်လတွင် အင်ဒိုနီးရှားကလပ်သို့ ၁၀ လ စာချုပ်ဖြင့် ရောက်လာသူ ဖြစ်သည်။

ပါဆစ် ဘန်ဒေါင်းကလပ်နည်းပြ မတ်ခ်ျတာက ကိုးလ်၏ ခြေစွမ်းအပေါ် လွန်စွာအံ့အားသင့်နေပြီး အခြားနိုင်ငံခြားကစားသမားများနှင့် နှိုင်းယှဉ်ပါက လွန်စွာ ဆိုးရွားသော အနေအထားတွင် ရှိနေသူဟု ပြောဆိုခဲ့သည်။

အသင်းမှ ထွက်ရတော့မည်ဟု သတင်းများပေါ်ထွက်နေပြီး နည်းပြကလည်း လိုလားစိတ်မရှိတော့သူဟု ပြောဆိုနေကြသည့်အပေါ် ကိုးလ်က စိတ်ပျက်စွာ ငြင်းဆိုခဲ့ပြီး နည်းပြကမူ ၁၆ ပွဲတွင် ၂ပွဲသာ ပွဲဦးထွက် ကစားထားရသည့် ကိုးလ်မှာ အသင်းအတွက် ကစားပေးလိုစိတ် ရှိမရှိကို မေးခွန်းထုတ်လိုက်သည်။

U Myo Thant




<< Back Gossips


Advertisement
Here