EPL News

မန်စီးတီးဗိုလ်စွဲမယ်ဆိုတဲ့ ဂစ်

Aug 02 , 2017

မန်ယူ လက်ထောက်နည်းပြဟောင်းနှင့် ကစားသမားဟောင်းကြီးဖြစ်သူ ရွိင်ယန်ဂစ်က ယခု ၂၀၁၇-၁၈ ဘောလုံးရာသီတွင် မန်စီးတီးဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်ကြောင်း ပြောဆိုလိုက်သည်။

မန်စီးတီးအသင်းမှာ လွန်ခဲ့သောရာသီတွင် နာမည်ကြီးနည်းပြ ဂွာဒီယိုလာနှင့် စခန်းသွားခဲ့သော်လည်း မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာခဲ့ပဲ ဆုဖလားများနှင့် ဝေးကွာခဲ့ကာ ပရီးမီးယားအဆင့် ၃နှင့် ရာသီသိမ်းခဲ့ရသည်။

ဘာစီလိုနာ၊ ဘိုင်ယန်တို့ကို ချန်ပီယံအသင်းများအဖြစ် ကိုင်တွယ်ဦးဆောင်ပေးနိုင်ခဲ့သော ဂွာဒီယိုလာမှာ ထင်တိုင်းမပေါက်သော ရာသီနှင့် တိုးခဲ့ရပြီး ယခုအပြောင်းအရွှေ့ကာလတွင်မူ ဝေါလ်ကာ၊ ဒါနီလို၊ မန်ဒီ၊ ဆေးလ်ဗား၊ အီဒါဆင်တို့ကို ခေါ်ယူအားဖြည့်ထားသဖြင့် လွန်ခဲ့သောရာသီကထက် ရလဒ်များပိုကောင်းလာမည်ဟု ပရိသတ်များကလည်း မျှော်လင့်ချက် ရှိနေသည်။

ဂစ်က မန်စီးတီးဟာ သူခေါ်ထားတဲ့ ကစားသမားတွေနဲ့ အမြန်ဆုံးအသားကျသွားမယ်ဆိုရင် ပရီးမီးယားချန်ပီယံဆုကို မျှော်မှန်းနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ် ဟု ပြောဆိုခဲ့သည်။

မန်စီးတီးအသင်းမှာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် ဩဂုတ်လ ၁၂ ရက်နေ့တွင် တန်းတက် ဘရိုက်တန်အသင်းနှင့် စတင်ကစားရမည် ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here