EPL News

ကြံ့ခိုင်မှုအပြည့်နှင့် ရွန်းနီ

Aug 04 , 2017

ပေါင်ခြံဒဏ်ရာသက်သာသွားပြီဖြစ်သော အဲဗာတန်တိုက်စစ်မှုး ရွန်းနီမှာ ပွဲကစားရန် ကြံခိုင်မှုအပြည့်ရှိကြောင်း စမ်းသပ်စစ်ဆေးပြီးနောက် အဲဗာတန်၏ ယူရိုပါလိဂ်ပွဲစဉ်တွင်  ပါဝင်မည် ဖြစ်သည်။

အဲဗာတန်အသင်းမှာ ယူရိုပါလိဂ်တတိယဆင့် ခြေစစ်ပွဲ ဒုတိယအကျော့ပွဲစဉ်အဖြစ် စလိုဗက်ကီးယားကလပ် ရုဇွန်ဘီရော့နှင့် အဝေးကွင်းတွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

ထို ၂သင်းမှာ ပထမအကျော့ အဲဗာတန်အိမ်ကွင်းတွင် တွေ့ခဲ့စဉ်က အဲဗာတန်မှ လေတန်ဘိန့်စ်က အနိုင်ဂိုး သွင်းကာ အသာစီးရ ထားခဲ့သည်။

အဝေးကွင်းပွဲစဉ်တွင် ရွန်းနီပါဝင်မည့်သတင်းကို နည်းပြကိုးမန်းက အတည်ပြုပြောဆိုခဲ့ပြီး ရွန်းနီအနေနှင့် ပွဲများများ ကစားလာရပါက ခြေစွမ်းပိုမို ကောင်းမွန်လာမည်ဟုလည်း ယုံကြည်နေသူ ဖြစ်သည်။

ရွန်းနီမှာ အဲဗာတန်သို့ ပြန်လာရသည့်အပေါ် ကျေနပ်နေပြီး သူ့အနေနှင့် ကစားလိုသောနေရာမှ စိတ်ကြိုက်ကစားခွင့် ရရှိလာမည်ဆိုခြင်းကြောင့် ကျေနပ်နေသူ ဖြစ်သည်။

အဲဗာတန်အသင်းမှာ အားထားရသူတစ်ဦးဖြစ်သော အသင်းခေါင်းဆောင် ဂျာဂီလ်ကာကို ၁နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုပေးခဲ့ပြီး အသက် ၃၄ နှစ်အရွယ် ဂျာဂီလ်ကာက သက်တမ်းတိုးခွင့်ရ၍ ပျော်မိကြောင်းနှင့် လာမည့် ရာသီတွင် ပိုမိုကြိုးစားနိုင်ရန် အားထုတ်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

U Myo Thant




<< Back EPL News


Advertisement
Here