Gossips

BT Sport တွင် ပါမည့် လမ်းပတ်

Aug 04 , 2017

ချဲလ်ဆီးနှင့် အင်္ဂလန်ကွင်းလယ်ကစားသမားဟောင်းတစ်ဦးဖြစ်သူ လမ်းပတ်မှာ ၂၀၁၇-၁၈ ရာသီအတွက် BT Sport အစီအစဉ်တွင် ပါဝင်မည် ဖြစ်သည်။

အသက် ၃၉ နှစ်အရွယ် လမ်းပတ်ကို အားကစားနှင့် ရုပ်/သံလိုင်းများစွာက ကမ်းလှမ်းခဲ့ကြရာတွင် လမ်းပတ်က BT Sport အစီအစဉ်ဘောလုံးပွဲ ဝေဖန်သူအဖြစ် တာဝန်ယူရန် လက်ခံခဲ့ပြီး ယခုရာသီကွင်းဖွင့်ပွဲဖြစ်သော ကွန်မြူနတီဒိုင်း ပြိုင်ပွဲတွင် ဘောလုံးဝေဖန်သူအဖြစ် ပထမဆုံးပါဝင်တင်ဆက်မည် ဖြစ်သည်။

ယခုရာသီ ကွန်မြူနတီဒိုင်းပွဲစဉ်တွင် နာမည်ကြီး ၂သင်းဖြစ်သော ချဲလ်ဆီးနှင့် အာဆင်နယ်တို့ တနင်္ဂနွေနေ့ ဝင်ဘလေကွင်းတွင် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး လမ်းပတ်မှာ ပရီးမီးယားလိဂ်ပွဲများ၊ FA ဖလားပွဲများ၊ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပွဲများတွင် ဘောလုံးသတင်းဝေဖန်သူအဖြစ် ပါဝင်လာတော့မည် ဖြစ်သည်။

လမ်းပတ်က "ကျနော့်အတွက် လာမယ့်ရာသီဟာ သိပ်ကို စိတ်လှုပ်ရှားစရာ အတွေ့အကြုံတွေနဲ့အတူ အကောင်းဆုံး ဖြတ်သန်းနိုင်မယ်လို့ ယုံကြည်ပါတယ်" ဟု ပြောဆိုခဲ့သည်။

လမ်းပတ်မှာ အမေရိကန် မေဂျာလိဂ်ကလပ် နယူးယောက်စီးတီးတွင် နောက်ဆုံးကစားခဲ့ပြီး လွန်ခဲ့သော နှစ်မှစ၍ ပြိုင်ပွဲများတွင် ကစားခြင်းမရှိတော့ပဲ အနားယူလိုက်သူ ဖြစ်သည်။

U Myo Thant




<< Back Gossips


Advertisement
Here