EPL News

သက်တမ်းမတိုးသေးတဲ့ ကိုင်တာ

Aug 04 , 2017

လီဗာပူးအသင်းက အလိုရှိနေသော ကိုင်တာမှာ လက်ရှိအသင်းဖြစ်သည့် လိုပ်ပဇစ်နှင့် စာချုပ်သက်တမ်းတိုးရေးကို စဉ်းစား လိမ့်မည်မဟုတ်ကြောင်း လိုက်ပဇစ်အားကစားဒါရိုက်တာ ရန်ဂ်နစ်က ပြောဆိုလိုက်သည်။

ဘွန်ဒစ်လီဂါကလပ်တစ်ခုဖြစ်သော  လိုက်ပဇစ်မှာ ကိုင်တာကို ၂၀၁၈ တွင် ယူရို သန်း ၅၀ နှင့် အသင်းမှ ထွက်ခွင့်ပြုမည် ဟုဆိုသော်လည်း ကိုင်တာမှာ လီဗာပူးသို့ ပြောင်းရေးကိုသာ အာရုံစိုက်နေသည်ဟု ဆိုသည်။

ဂီနီလက်ရွေးစင် ကွင်းလယ်ကစားသမားကိုင်တာကို ယူရို ၇၅သန်းနှင့် ကမ်းလှမ်းခဲ့သော်လည်း ပယ်ချထားခဲ့ပြီး ၂၀၂၀ အထိ အသင်းနှင့် စာချုပ်သက်တမ်းရှိနေသဖြင့် လောလောဆယ် ပြောင်းခွင့်မပေးနိုင်သေးသည့် သဘော ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here