La-liga News

PSG ရောက် နေမာ

Aug 04 , 2017

ဘရာဇီးသားနေမာမှာ ဆေးစစ်ခံရန်အတွက် PSG သို့ ရောက်ရှိနေပြီဖြစ်ပြီး မကြာမီ ၅နှစ် သက်တမ်းရှိ စာချုပ်ချုပ်ဆိုမည်ဟု သိရသည်။

သူသည် တစ်ပတ်လျှင် လုပ်ခပေါင် ၅၉၆၀၀၀ ရရှိမည်ဟု ခန့်မှန်းထားပြီး မူလလစာမှာ ပေါင် ၇၇၅၄၇၇ ဖြစ်ကာ ပေါင် ၅၉၆၀၀၀ ဟူသည်မှာ အခွန်ဆောင်ပြီး ပဏာမ ဖြစ်သည်။

ပြင်သစ်ကလပ် PSG အနေနှင့် ပြောင်းရွှေ့ကြေး ပေါင် ၁၉၈ သန်း ပေးရမည်ဖြစ်ပြီး ယခုနှုန်းနှင့် ဆိုပါက PSG မှာ နေမာအတွက် ၅နှစ်တာအတွင်း ပေါင်သန်း ၄၀၀ ကုန်ကျမည့် သဘောဖြစ်သည်။

နေမာမှာ ဗုဒ္ဓဟူးနေ့ လေ့ကျင့်ရေးကွင်းသို့ ဖခင်ဖြစ်သူနှင့် အတူ အခြားကိုယ်စားလှယ်ပါ လိုက်ပါကာ ရောက်ရှိလာခဲ့ပြီး အသင်းမှ ထွက်လိုသည်ဟု ဘာစီလိုနာ တာဝန်ရှိသူများနှင့် နည်းပြ ဗယ်ဗာဒီတို့ကို ပြောဆိုခဲ့သည်။

ယင်းနောက် ပြန်သွားခဲ့ပြီး ပြင်သစ်သို့ ထွက်ခွာလာခြင်း ဖြစ်သည်။

နေမာမှာ စပွန်ဆာကုမ္ပဏီများမှလည်း ၁နှစ်လျှင် ပေါင် ၁၆.၆သန်း ရရှိမည်ဖြစ်သဖြင့် ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ကစားသမားတစ်ဦးအဖြစ် စံချိန်တင်လိမ့်မည် ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here