Europe News

ရှုံးပွဲတွေ့သော အင်္ဂလန်

Aug 04 , 2017

ယူရို ၂၀၁၇ ဆီမီးဖိုင်နယ်အဆင့်တွင် အင်္ဂလန်အမျိုးသမီးအသင်းမှာ အိမ်ရှင်ဟော်လန်ကို ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။

အိမ်ရှင်ဟော်လန်အသင်းမှာ ပထမပိုင်းတွင် ၁ဂိုးသွင်းယူကာ ဒုတိယပိုင်း ၆၂ မိနစ်၌ နောက်တစ်ဂိုး ရရှိထားခဲ့ပြီး နာကျင်အချိန်ပို ၃ မိနစ်တွင် အင်္ဂလန်မှ ဘရိုက်က ကိုယ့်ဂိုးကိုယ်သွင်းပေးခဲ့သောကြောင့် ၃ဂိုးပြတ်ဖြင့် အနိုင်ရရှိသွားခဲ့သည်။

အမျိုးသမီးပွဲစဉ် ၁ပွဲကို လာရောက်ကြည့်ရှုသူအများဆုံးဖြင့် စံချိန်တင်ခဲ့သော ယခုပွဲတွင် ပရိသတ် ၂၇၀၉၃ လာရောက်အားပေးခဲ့ကြသည်။ အိမ်ရှင်ဟော်လန်အသင်းမှာ အုပ်စုပွဲများတွင် ၃ပွဲကစား ၃ပွဲနိုင်ခဲ့ကာ အုပ်စုဗိုလ်ဖြစ်ခဲ့သကဲ့သို့ ကွာတားဖိုင်နယ်တွင်လည်း ဆွီဒင်ကို ၂-၀ဖြင့် အနိုင်ရခဲ့သူ ဖြစ်သည်။ အုပ်စုပွဲများမှ ဆီမီးပွဲအထိ ဟော်လန်အသင်းမှာ ၅ပွဲကစား ရဂိုး ၉ဂိုး၊ ပေးဂိုး ၁ဂိုး ရှိခဲ့သည်။

အခြားဆီမီးဖိုင်နယ်ပွဲတွင် ဒိန်းမတ်က ဩစတြီးယားကို ပင်နယ်တီ အဆုံးအဖြတ်၌ ၃-၀ဖြင့် အနိုင်ရကာ ဗိုလ်လုပွဲသို့ တက်လာခဲ့သည်။

ဒိန်းမတ်မှာ ၄ကြိမ်သွင်းပြီးချိန်တွင် ၃ဂိုးရခဲ့ပြီး ဩစတြီးယားမှာ ၃ကြိမ် သွင်းပြီးချိန်တွင် တစ်ဂိုးမျှ မရခဲ့ပေ။

ဗိုလ်လုပွဲတွင် အိမ်ရှင် ဟော်လန်နှင့်ဒိန်းမတ်တို့ တွေ့ကြမည်ဖြစ်ပြီး  ထို ၂သင်းမှာအုပ်စု၈အဆင့်တွင် ဆုံခဲ့ကြပြီး ဟော်လန်က ၁-၀နှင့် အနိုင်ရထားခဲ့သည်။

U Myo Thant




<< Back Europe News


Advertisement
Here