EPL News

တစ်ဆင့်တက်သော အဲဗာတန်

Aug 04 , 2017

အဲဗာတန်အသင်းမှာ ယူရိုပါလိဂ် တတိယဆင့်ခြေစစ်ပွဲ ဒုတိယအကျော့တွင် ရူဇွန်ဘီရော့ကို ၁-၀ဖြင့် အနိုင်ရခဲ့ရာ နှစ်ကျော့ပေါင်း ၂-၀ဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။

ပထမအကျော့ အိမ်ကွင်းပွဲတွင် ဘိန့်စ်၏ ဂိုးဖြင့် အနိုင်ရထားသော အဲဗာတန်မှာ ယခု ဒုတိယအကျော့ အဝေးကွင်းပွဲတွင်လည်း လီဝင်၏ ဂိုးဖြင့် ထပ်မံအနိုင်ရရှိခဲ့ပြီး Play-Off အဆင့်သို့ တက်နိုင်ခဲံခြင်း ဖြစ်သည်။

နည်းပြ ကိုးမန်းက ယူရိုပါလိဂ်တွင် မိမိတို့ ခရီးဆက်နိုင်ခဲ့ပြီဖြစ်ကြောင်း လာမယ့်အဆင့်တွင်လည်း ရလဒ်ကောင်းအောင် ကြိုးစားပြီး အုပ်စုအဆင့်သို့ ရောက်ရန် အားထုတ်ရဦးမည်ဖြစ်ကြောင်း ဥရောပအဆင့်တွင် ဝင်ကစားခွင့်ရခဲ့ခြင်းမှာ မိမိတို့ ကစားသမားများအတွက် အတွေ့အကြုံသစ်များစွာ ရလာစေမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

ယနေ့ညတွင် ချန်ပီယံလိဂ် ရှုံး/ထွက်နှင့် ယူရိုပါလိဂ်ရှုံးထွက်ပွဲများအတွက် ပွဲစဉ် မဲနှိုက်ရွေးချယ်သွားမည် ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here