Europe News

ဥရောပပွဲများ မဲခွဲမည်

Aug 04 , 2017

ဥရောပချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ် Play-OFFပွဲစဉ်များအတွက် မဲခွဲခြင်းကို ယနေ့ ပြုလုပ်မည် ဖြစ်သည်။

ချန်ပီယံလိဂ် Play-Offပွဲစဉ်အတွက် ပရီးမီးယားလိဂ်မှ လီဗာပူး ပါဝင်မည်ဖြစ်ပြီး မဲအိုး အမှတ် ၅တွင် လီဗာပူးမှာ နာပိုလီ၊ ဆီဗီးလား၊ CSKA ၊ စပို့တင်း လစ္စဘွန်းတို့နှင့် အတူရှိနေသောကြောင့် လည်းကောင်း အသင်းများနှင့် တွေ့ရမည်မဟုတ်ပဲ စတီအာဘူခါရက်စ်၊ ယန်းဘွိုင်းစ်၊ ဟော့ဖန်ဟိန်း၊ ဘာဆက်ရှိဟာ၊ နိုက်စ် စသည့် အသင်းများထဲမှ တစ်သင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

လီဗာပူးအသင်းမှာ ချန်ပီယံလိဂ်သို့၂နှစ်အတွင်း ပထမဆုံးပြန်လည်ပါဝင်နိုင်ခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သောရာသီတွင် အာဆင်နယ်က အဆင့် ၄ဖြင့် ပါဝင်ခွင့်ရခဲ့သည်။

ချန်ပီယံလိဂ် Play-off ပြိုင်ပွဲ ပထမအကျော့ပွဲစဉ်ကို ဩဂုတ်လ ၁၅ နှင့် ၁၆ ရက်နေ့များတွင် လည်းကောင်း၊ ဒုတိယအကျော့ပွဲစဉ်ကို ဩဂုတ်လ ၂၂နှင့် ၂၃ရက်နေ့တို့တွင်လည်းကောင်း ကစားကြရမည် ဖြစ်သည်။

ယူရိုပါလိဂ် Play-off အဆင့်တွင် ပရီးမီးယားလိဂ်မှ အဲဗာတန်အသင်းပါဝင်လာပြီး မည်သည့်အသင်းနှင့် ဆုံရမည်ကို မကြာမီ သိရှိကြရတော့မည် ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here