EPL News

တိုက်စစ်မှုးခေါ်သော လက်စတာ

Aug 04 , 2017

လက်စတာအသင်းမှာ မန်စီးတီးတိုက်စစ်မှုး အိုင်ဟီနာချိုကို ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းပေး၍ ခေါ်ယူလိုက်ပြီ ဖြစ်သည်။ အသက် ၂၀ အရွယ် နိုင်ဂျီးရီးယား လက်ရွေးစင်အိုင်ဟီနာချိုမှာ ၂၀၁၅ တွင် ၅နှစ်စာချုပ်ဖြင့် မန်စီးတီးသို့ ရောက်လာသူဖြစ်ပြီး ၆၄ ပွဲတွင် ၂၁ ဂို သွင်းယူပေးခဲ့သည်။

လွန်ခဲ့သော နှစ် ဩဂုတ်လတွင် အိုင်ဟီနာချိုမှာ အသင်းနှင့် ၂၀၂၁အထိ စာချုပ်သက်တမ်းတိုးခဲ့သော်လည်း တိုက်စစ်မှုး ဂျီးဆပ်ရောက်လာပြီးနောက် တဖြည်းဖြည်းနှင့် ပွဲထွက်ခွင့်လျော့နည်းလာခဲ့သူ ဖြစ်သည်။

အိုင်ဟီနာချိုက လက်စတာ၏ မျှော်မှန်းချက်များကို မိမိသဘောကျကြောင်း၊ အသင်းတွင် အမြန်ဆုံးအသားကျသွားမည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့ပြီး လက်စတာနည်းပြ ရှိတ်စပီးယားက အိုင်ဟီနာချိုကို ခေါ်ယူနိုင်ခဲ့ခြင်းအတွက် ကျေနပ်မိကြောင်း သူသည် အစွမ်းအစရှိ ကစားသမားတစ်ဦးဖြစ်သကဲ့သို့ အသင်းအတွက် အကောင်းဆုံး ကြိုးစားပေးသွားမည်ဟု မျှော်လင့်ကြောင်း ပြောဆိုသွားခဲ့သည်။

အိုင်ဟီနာချိုမှာ ယခုအပြောင်းအရွှေ့ရာသီအတွင်း လက်စတာသို့ ၄ယောက်မြောက်အဖြစ် ရောက်ရှိလာသူ ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here