MNL News

ဘယ်လ်ဂျီယံနှင့် စပိန်လူငယ်လက်ရွေးစင်များပါဝင်

Aug 05 , 2017

အင်တာမီလန် ယူ-၁၈ အသင်းမှ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံပေးပို့ထားသော ကစားသမားစာရင်းတွင် အဓိက ကစားသမား များပါဝင်လာပြီး ကစားသမား ၂၁ ဦးတွင် အီတလီ၊ ဘယ်လ်ဂျီယံ၊ စပိန်၊ စလိုဗေးနီးယား၊ ပြင်သစ်တို့မှ နိုင်ငံ့လက်ရွေးစင် ယူ-၁၇ ကစားသမားများနှင့် အီတလီမျိုးဆက်သစ်လူငယ်များ ပါဝင်လာကြောင်း သိရသည်။

အင်တာမီလန် ယူ-၁၈ အသင်းသည် ယခုနှစ် အီတလီ ယူ-၁၇ ပြည်တွင်းလိဂ်တွင် ချန်ပီယံဆုဆွတ်ခူးထားသောအသင်းဖြစ်ပြီး ကစားသမားအများစုမှာ ဥရောပ ယူ-၁၇ ချန်ပီယံရှစ် 2016 UEFA European Under 17 Championship ပြိုင်ပွဲတွင် နိုင်ငံ့လက်ရွေးစင်အဖြစ် ပါဝင်ကစားခဲ့ကြသူများ ဖြစ်သည်။

အင်တာမီလန် ယူ-၁၈ အသင်းနှင့် မြန်မာ ယူ-၁၈  အသင်းတို့ ယှဉ်ပြိုင်ကစားမည့် AYA  Presents Inter Milan Tour ခြေစမ်းပွဲများကို ဩဂုတ် ၁၁ ရက်နှင့် ၁၃ ရက်ညနေ ၆နာရီတွင် သုဝဏ္ဏကွင်း၌ ကျင်းပမည် ဖြစ်သည်။

မြန်မာ ယူ-၁၈ အသင်းနှင့် အင်တာမီလန် ယူ-၁၈ အသင်းတို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲ အခမ်းအနားကို ဩဂုတ် ၁၀ ရက် မွန်းလွဲ ၂နာရီတွင် ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ ကျင်းပမည် ဖြစ်သည်။ အဆိုပါ ခြေစမ်းပွဲများ ကစားရန် အင်တာမီလန် ယူ-၁၈ အသင်းသည် ဩဂုတ် ၉ ရက်တွင် ရန်ကုန်မြို့ ရောက်ရှိလာမည် ဖြစ်သည်။

အင်တာမီလန် ယူ-၁၈ ကစားသမားစာရင်းတွင် ဆီမြန်နီစတက်ချီ(အီတလီ)၊ နီကိုလာတင်တိုရီ (အီတလီ)၊ ရီကာဒိုလန်ဂီ (အီတလီ)၊ ပေါ်လိုကော်ထရို(အီတလီ)၊ နစ်ကိုလိုအီရာဂီ(အီတလီ)၊ ရက်ဇင်အဲလ်ခါဆာရှ်(ပြင်သစ်)၊ မက်ရော်ဂျစ် (စလိုဗေးနီးယား ယူ-၁၇ လက်ရွေးစင်)၊ အီလီယာဗစ် ကွန်တီ (အီတလီ ယူ-၁၇ လက်ရွေးစင်)၊ ဖီဒီရီကိုပဲလ်တီ(အီတလီ)၊ မော့ဆက်အီဘိုကိုကော်ဒိုဘာ(စပိန် ယူ-၁၇ လက်ရွေးစင်)၊ အန်ဒရီယာအဒိုရန်တီ (အီတလီ)၊ လော်ရန်ဇိုဂါဗီယိုလီ(အီတလီ)၊ ဆဲလ်ဗက်တိုရီအက်စ်ပိုစီတိုး (အီတလီ)၊ နီကိုလက်စ်ရစ်ဇို (အီတလီ)၊ ဖလော်အယ်လ်ဗန်ဒန်အင်ဒန်(ဘယ်လ်ဂျီယံ ယူ-၁၇ လက်ရွေးစင်)၊ ဒါဝီဒီမီရိုလာ (အီတလီ ယူ-၁၇ လက်ရွေးစင်)၊ သောမက်စ်စချီရီရို (အီတလီ)နှင့် မာကိုပွန်ပတ်တီ (အီတလီ)တို့ပါဝင်ပြီး နည်းပြအဖြစ် ဂီယန်မာရီယိုကော်တီက တာဝန်ယူထားကြောင်း သိရသည်။

U Myo Thant




<< Back MNL News


Advertisement
Here