MNL News

မြဝတီနှင့် ဖီးနစ်(ခ) အသင်း နောက်ဆုံးပွဲကျင်းပမည်

Aug 05 , 2017

၂၀၁၇ မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ ပြိုင်ပွဲသည် ပြိုင်ပွဲပြီးဆုံးရန် ပွဲစဉ်နှစ်ပွဲသာ ယှဉ်ပြိုင်ရန် ကျန်ရှိတော့မည်ဖြစ်၍ ဆုပေးပွဲ အခမ်းအနားကို ဩဂုတ် ၁၁ ရက်တွင် အောင်ဆန်းအားကစားကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ယခင်သတ်မှတ်ထားသည့် မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ လိဂ် နောက်ဆုံးပွဲစဉ်တချို့ကို မြန်မာ ယူ-၁၈ (အမျိုးသား) အသင်းသည် ဩဂုတ် ၁၁ ရက်နှင့် ၁၃ ရက်တို့တွင် အင်တာမီလန် ယူ-၁၈ အသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားရမည်ဖြစ်၍ အဆိုပါခြေစမ်းပွဲကစားမည့်ရက်နှင့် လိဂ်နောက်ဆုံး ပွဲစဉ် (၂၂) ပွဲစဉ် တချို့ကိုင်တွယ်နေသည့်အတွက် ကွင်းနှင့် အချိန်တို့ကို ပြောင်းလဲခဲ့သည်။

ထို့ကြောင့် ဩဂုတ် ၁၁ ရက်တွင် အောင်ဆန်းကွင်းအားကစားကွင်း၌ ကျင်းပရန် သတ်မှတ်ထားသည့် မြဝတီအသင်းနှင့် ဖီးနစ်(ခ) အသင်းပွဲစဉ်အား​ ဩဂုတ် ၁၀ ရက် ညနေ ၃နာရီသို့ ပြောင်းလဲကျင်းပရန် သတ်မှတ်လိုက်သည်။ အဆိုပါပွဲစဉ်အပြီး၌ ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပမည် ဖြစ်သည်။

ထို့ပြင် ဩဂုတ် ၁၁ ရက်တွင် ပဒုမ္မာကွင်း၌ ကျင်းပရန် သတ်မှတ်ထားသည့် မောရဝတီနှင့် ISPE(B) ပွဲစဉ်အား ပဒုမ္မာကွင်းအစား တက္ကသိုလ်ကွင်းသို့ ပြောင်းရွှေ့ ကျင်းပမည် ဖြစ်သည်။ လက်ရှိပွဲစဉ် (၂၀) အပြီးအမှတ်ပေးဇယားကို ဖီးနစ်(ခ) အသင်းက ရမှတ် ၅၅ မှတ်ဖြင့် ဦးဆောင်ထားပြီး အဆင့် (၂) နေရာ၌ မြဝတီအသင်းက ရမှတ် ၅၄ မှတ်ဖြင့် ဖီးနစ်အသင်းကို ဖိအားပေးလျက်ရှိသည်။

U Myo Thant




<< Back MNL News


Advertisement
Here