EPL News

၂ လနားမည့် လယ်လာနာ

Aug 05 , 2017

လီဗာပူးကွင်းလယ်ကစားသမား လယ်လာနာမှာ ဒဏ်ရာကြောင့် ၂လခန့်နားရမည်ဟု သိရသည်။

၂၉ နှစ်သား လယ်လာနာမှာ Audi Cup ဗိုလ်လုပွဲအဖြစ် အက်သလက်တီကိုအသင်းနှင့် ကစားခဲ့သည့်ပွဲတွင် ထိုဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် ၂လခန့် နားရမည်ဖြစ်ကြောင်း လီဗာပူးနည်းပြ ကလော့ပ်က အတည်ပြုပြောဆိုခဲ့သည်။

ထို့အတွက်ကြောင့် လယ်လာနာမှာ စက်တင်ဘာလအတွင်း ကစားရမည့် အင်္ဂလန်လက်ရွေးစင်အသင်း၏ ကမ္ဘာ့ဖလား ခြေစစ်ပွဲများတွင်လည်း ပါဝင်နိုင်မည် မဟုတ်ပေ။

သူသည် နည်းပြ ဆောက်ဂိတ်ကိုင်တွယ်နေသော အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၃၃ ကြိမ် ပါဝင်ကစားပေးထားသူဖြစ်ပြီး အင်္ဂလန်မှာ လာမည့် စက်တင်ဘာ ၁ရက်နှင့် ၄ရက်တို့တွင် မော်လ်တာ၊ ဆလိုဗက်ကီးယားတို့နှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲများ ကစားရန် ရှိနေသည်။

လီဗာပူးအသင်းမှာ ရာသီကြိုခရီး ခြေစမ်းပွဲများအတွင်း ပထမဆုံး ရှုံးပွဲအဖြစ် အက်သလက်တီကိုကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး ရာသီကြိုနောက်ဆုံး ခြေစမ်းပွဲအဖြစ် မနက်ဖြန်တွင် ဒဗ္ဗလင်၌ ဘီလ်ဘာအိုနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

လီဗာပူးအတွက် ပရီးမီးယားဈေးဦးပေါက် ပွဲစဉ်မှာ ဩဂုတ်လ ၁၂ ရက်နေ့ ဝတ်ဖို့ဒ်နှင့် အဝေးကွင်းပွဲစဉ် ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here