EPL News

အင်္ဂလန်ပြန်ချင်သူ

Aug 05 , 2017

ရီးရဲလ်စတား စီရိုနယ်ဒိုမှာ အခွန်တိမ်းရှောင်သည်ဟူသော စွဲချက်နှင့် ရင်ဆိုင်နေရပြီးနောက် အခွန်ကိစ္စပြဿနာမရှိခဲ့သော အင်္ဂလန်သို့ ပြန်ချင်သည်ဟု ပြောဆိုလိုက်သည်။

စီရိုနယ်ဒိုမှာ အခွန်ငွေပေါင် ၁၄.၇သန်း ပေးဆောင်ရန် ပျက်ကွက်ခဲ့သည်ဟူသော စွဲချက်ဖြင့် တရားရုံးတွင် ရင်ဆိုင်ဖြေရှင်းနေရပြီး ယင်းအခွန်ကိစ္စအတွက် မိမိ မည်သည့်အမှားမျိုးမှ ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။

စပိန်ရေဒီယို ကာဒီနာက စီရိုနယ်ဒိုမှာ အခွန်ကိစ္စအတွက် တရားသူကြီးများရှေ့တွင် ထွက်ဆိုခဲ့ရာ၌ မည်သည့်အမှားမျိုးမှ မရှိခဲ့ကြောင်း စွဲချက်များအပေါ် ကာကွယ်ပြောဆိုခဲ့ပြီး ယင်းတရားရုံးမှ ပြန်အထွက်တွင် ထိုသို့ ဖြေရှင်းနေရခြင်းအပေါ် စိတ်ပျက်လှကြောင်းနှင့် အင်္ဂလန်သို့သာ ပြန်သွားလိုပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ထုတ်လွှင့်သွားခဲ့သည်။

စီရိုနယ်ဒိုမှာ ရီးရဲလ်သို့ မရောက်လာမီ အင်္ဂလန်ကလပ်ဖြစ်သည့် မန်ယူတွင် ၆ရာသီကြာ ကစားခဲ့ကာ နာမည်ကျော် ကစားသမားဘဝကို စတင်ရရှိလာခဲ့သူ ဖြစ်သည်။

စီရိုနယ်ဒို၏ ရီးရဲလ်အသင်းမှာ လာမည့် ၈ရက်နေ့ ညတွင် မန်ယူနှင့် ဥရောပစူပါဖလားပွဲအဖြစ် ရင်ဆိုင်ရမည်ဖြစ်ပြီး ထိုပွဲတွင် စီရိုနယ်ဒို ပါ မပါ သေချာစွာ မသိရသေးပေ။

 

U Myo Thant




<< Back EPL News


Advertisement
Here