Champions League

ဥရောပရှုံးထွက်ပွဲစဉ်များ

Aug 05 , 2017

ဥရောပအဆင့်ပြိုင်ပွဲများဖြစ်သော ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ် ရှုံးထွက်အဆင့် ပွဲစဉ်များကို ယမန်နေ့က မဲနှိုက်ရွေးချယ်ခဲ့ပြီး ဖြစ်သည်။

Play-off ပွဲစဉ်များကို ၂ကျော့ကစားရမည်ဖြစ်ပြီး အသာစီးရရှိသော အသင်းမှာ အုပ်စုအဆင့်သို့ ရောက်ရှိမည် ဖြစ်သည်။

ချန်ပီယံလိဂ် ရှုံးထွက် ပထမအကျော့ကို ဩဂုတ် ၁၅-၁၆ နှင့် ဒုတိယအကျော့ကို ဩဂုတ် ၂၂- ၂၃ တို့တွင် ကစားကြမည်ဖြစ်ပြီး ယူရိုပါလိဂ် ရှုံးထွက် ပထမအကျော့ကို ဩဂုတ် ၁၇ နှင့် ဒုတိယအကျော့ကို ဩဂုတ်လ ၂၄ ရက်တို့တွင် ကစားရမည် ဖြစ်သည်။

ချန်ပီယံရှုံးထွက်ပွဲစဉ်များတွင် ကာရာဘက်နှင့် ကိုပင်ဟေဂင်၊ အေပိုးနှင့် ဆလာဗီယားပရပ်၊ အိုလံပီယာကော့စ်နှင့် ရီဂျီကာ၊ ဆဲလ်တစ်နှင့် အက်စ်တာနာ၊ ဟာပိုးလ်နှင့် မာရီဘိုး၊ ဘာဆက်ဆီဟာနှင့် ဆီဗီးလား၊ ယန်းဘွိုင်းစ်နှင့် CSKA မော်စကို၊ နာပိုလီနှင့် နိုက်စ်၊ ဟော့ဖန်ဟိန်းနှင့် လီဗာပူး၊ စပို့တင်းနှင့် FCSB တို့ ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။

ယူရိုပါလိဂ်ရှုံးထွက် ပွဲစဉ်များတွင် ရှကင်ဒီဂျာနှင့် မီလန်၊ ဗာဒါနှင့် ဖီနာဘီချီ၊ အေဂျက်နှင့် ရိုစင်ဘော့၊ အိုဆီဂျက်နှင့် ဩစတြီးယား၊ ဗီယင်နာ၊ ရက်ဒ်စတားနှင့် ကရက်စ်နိုဒါ၊ အယ်တက်နှင့် မက္ကာဘီတဲလ်အဗစ်၊ ဘိတ်နှင့် အိုလက်ဇန်ဒရီယာ၊ ကလပ်ဘရုခ်ျနှင့် AEK၊ မာရီတီမိုနှင့် ဒိုင်နမိုကိယက်၊ ဒိုင်နမိုဇာဂရက်နှင့် စကင်ဒါဘူ၊ လူဒိုဂိုရက်နှင့် ဆူဒူဗာ၊ ပါနာသီနာကော့စ်နှင့် ဘီလ်ဘာအို၊ အပိုလွန်နှင့် မစ်ဂျီလန်၊ ဒွမ်ဇာလီနှင့် မာဆေး၊ ပါတီဇန်နှင့် ဗီဒီရိုတန်၊ FH နှင့် ဘရာဂါ၊ အဲဗာတန်နှင့် ဟာဒပ်၊ အူလ်ထရက်နှင့် ဇင်းနစ်၊ လီဂါဝါဆောနှင့် ရှရစ်၊ ဗီတိုရူနှင့် ဆာလ်ဘတ်၊ ပလာဇန်နှင့် AEK လာမာကာ၊ PAOK နှင့် အော့စတာဆန်တို့ ဖြစ်ကြသည်။

U Myo Thant




<< Back Champions League


Advertisement
Here