Ligue-1 News

ပွဲဦးလွဲသော နေမာ

Aug 05 , 2017

ကမ္ဘာ့ဈေးအကြီးဆုံးဘောလုံးသမားဖြစ်သူ ဘရာဇီးတိုက်စစ်မှုး နေမာမှာ နိုင်ငံတကာအပြောင်းအရွှေ့ သတ်မှတ်ချက် လက်မှတ်ရ ရှိရန် နောက်ကျနေခြင်းကြောင့် PSG အသင်း၏ ပြင်သစ်လိဂ်ဝမ်း အဖွင့်ပွဲစဉ်တွင် ပါဝင်ခွင့်ရမည်မဟုတ်ပေ။

သက်မှတ်ထားသည့် နောက်ဆုံးအချိန်ထက်ကျော်လွန်သွားခြင်းကြောင့် အေမီရန်စ်အသင်းနှင့် ကစားမည့် လိဂ်ဝမ်းပွဲစဉ် ၁ကို နေမာမှာ ပရိသတ်တစ်ဦးအဖြစ်သာ ကြည့်ရှုခွင့်ရမည် ဖြစ်သည်။

သို့သော် အိမ်ကွင်းတွင် ကျင်းပမည့် ထိုပွဲတွင် နေမာမှာ ပွဲမကစားမီ ပရိသတ်များကို ကွင်းအတွင်းမှ နှုတ်ဆက်ခွင့်ရရှိမည် ဖြစ်သည်။

၂၅ နှစ်သား နေမာမှာ ပြောင်းရွေ့ကြေး ပေါင်သန်း ၂၀၀ ဖြင့် PSG သို့ ရောက်လာသူဖြစ်ပြီး ၁နှစ်လုပ်ခပေါင် ၄၀.၇ သန်းရမည် ဖြစ်သည်။

နေမာမှာ ယမန်နေ့က PSG ကွင်းတွင် ပရိသတ်အချို့နှင့် ပထမဆုံး ဆုံတွေ့ခွင့်ရခဲ့ပြီး သူသည် ငွေကြေး၏ ဆွဲဆောင်မှုကြောင့် ဘာစီလိုနာကို စွန့်ခွာခဲ့သူ မဟုတ်ကြောင်း၊ လူအများက ထိုကဲ့သို့ ယုံကြည်နေကြခြင်းအပေါ် မိမိဝမ်းနည်းရပါကြောင်း ပြောဆိုသွားခဲ့သည်။

သူသည် ပဲရစ်မြို့သို့ ကိုယ်ပိုင် ဂျက်လေယာဉ်ဖြင့် ရောက်ရှိလာခဲ့ချိန်တွင် PSG မှ တာဝန်ရှိသူများ၊ ရာနှင့်ချီသော ပရိသတ်များက ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး PSG ၏ အမှတ်တရပစ္စည်း အရောင်းဆိုင်တွင် ပရိသတ် ၁ထောင်ကျော်က နေမာ၏ ကျောနံပါတ် ၁၀ ပါ PSG အသင်းဂျာစီများ ဝယ်ယူအားပေးသွားခဲ့ကြသည်။

U Myo Thant




<< Back Ligue-1 News


Advertisement
Here