EPL News

ကွန်မြူနတီဒိုင်း ပွဲစဉ်ခန့်မှန်း

Aug 05 , 2017

အာဆင်နယ်-ချဲလ်ဆီး

(တနင်္ဂနွေည ၇း၃၀)

ပရီးမီးယားလိဂ်ပွဲကြိုအဖြစ် ပြီးခဲ့တဲ့ရာသီက ပရီးမီးယားချန်ပီယံနဲ့ FA ဖလား ချန်ပီယံတို့ ကစားကြရတဲ့ပွဲစဉ်ပါ။ ကွန်မြူနဒီဒ်ုင်းပြိုင်ပွဲဟာ သက်တမ်းကြာလှပြီဖြစ်တဲ့ ပွဲစဉ်တစ်ခုဖြစ်ပြီး ၁၈၉၈ ခုနှစ်မှာ သန္ဓေတည်ခဲ့ပါတယ်။

၁၉၀၈ မှာတော့ ပုံစံသစ်အဖြစ် ပထမတန်းချန်ပီယံနဲ့ ဆောက်သမ်းလိဂ် ချန်ပီယံတို့ ကစားကြရတဲ့ ပွဲအဖြစ် ပြောင်းလဲလိုက်ပြီး အဲဒီပွဲမှာ ပထမတန်း ချန်ပီယံ မန်ယူနဲ့ ဆောက်သမ်းလိဂ် ချန်ပီယံ QPR တို့ ကစားရာမှ ၁ဂိုးစီ သရေကျခဲ့လို့ နောက်တစ်ပွဲထပ်ကန်ရာမှာတော့ မန်ယူက ၄-၀နဲ့ နိုင်ခဲ့ပါတယ်။ အဲဒီ ၂ပွဲလုံးကို ချဲလ်ဆီးရဲ့ စတန်းဖို့ဒ် ဘရစ်ခ်ျ ကွင်းမှာ ကစားခဲ့တာပါ။

၁၉၃၀ မှာတော့ ပထမတန်း (ယခု ပရီးမီးယားလိဂ်) ချန်ပီယံနဲ့ FA ဖလား ချန်ပီယံတို့ ကစားရတဲ့ပွဲအဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။

မနှစ်က ၂၀၁၆ ချန်ပီယံဟာ မန်ယူဖြစ်ပြီး ကွန်မြူနဒိုင်းရာဇဝင်မှာလည်း မန်ယူဟာ ဒိုင်း ၂၁ ကြိမ်ရထားတဲ့ အအောင်မြင် ဆုံးအသင်းပါ။

ဒီနှစ် ၂၀၁၇ ပွဲစဉ်မှာ ယှဉ်ပြိုင်မယ့် အာဆင်နယ်အသင်းဟာ ကွန်မြူနဒီဒိုင်း ၁၄ ကြိမ် ရထားတဲ့ တတိယအအောင်မြင်ဆုံး အသင်း (လီဗာပူး ၁၅ ကြိမ်) ဖြစ်ပြီး ချဲလ်ဆီးကတော့ ၄ကြိမ်ပဲ ရဘူးပါတယ်။

အခုဒီပွဲမှာ ဒဏ်ရာကြောင့် မပါနိုင်သူတွေကတော့ အာဆင်နယ်ဘက်မှာ ဝီလ်ရှီးယား၊ ကာဇိုလာတို့ဖြစ်ပြီး ချဲလ်ဆီးဘက်မှာ မိုဆက်နဲ့ ဟာဇတ်တို့ပါ။

အာဆင်နယ် နည်းပြ ဝင်းဂါးကတော့ ဒီပွဲမှာ တိုက်စစ်မှုး ဆန်းချက်ဇ်ကို ထည့်ကစားမယ်လို့ ဆိုပါတယ်။ ချဲလ်ဆီးတိုက်စစ်မှုး ကော်စတာကတော့ အသင်းကထွက်ချင်နေသူဖြစ်ပြီး အရန်ကစားသမားအဖြစ်တောင် မသေချာသလို ကွင်းလယ်မှာ ဘာကာယိုကို မပါသေးပါဘူး။

ဒီပွဲဟာ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ တတိယမြောက် တွေ့ဆုံကြတဲ့ ကွန်မြူနတီဒိုင်းပွဲဖြစ်ပြီး ချဲလ်ဆီးက ၂၀၀၅ မှာ နိုင်ခဲ့သလို အာဆင်နယ်က ၂၀၁၅ မှာ နိုင်ခဲ့ပါတယ်။

ဒီပွဲကစားမယ့် ဝင်ဘလေကွင်းမှာ ချဲလ်ဆီးဟာ အရင်က ၁၆ ပွဲ လာကစားဘူးရာမှာ အနိုင် ၁၀ ပွဲရှိခဲ့ပြီး ၁၀ ပွဲလာကစားဘူးတဲ့ အာဆင်နယ်ကတော့ ပွဲဦးထွက် ၂ပွဲမှာ ရှုံးခဲ့ပေမယ့် နောက် ၈ပွဲလုံး နိုင်ခဲ့သူပါ။

ချဲလ်ဆီးအနေနဲ့ သူတို့ နောက်ဆုံး ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်း ၃ပွဲမှာ ရှုံးခဲ့ပြီး ၂၀၁၀ မှာ မန်ယူ၊ ၂၀၁၂ မှာ မန်စီးတီးနဲ့ ၂၀၁၅ မှာ အာဆင်နယ်တို့ကို ရှုံးခဲ့တာ ဖြစ်ပါတယ်။

လောလောဆယ် ရာသီကြို ခြေစမ်းပွဲတွေမှာတော့ ၆ပွဲကစားထားတဲ့ အာဆင်နယ်ဟာ ၄ပွဲနိုင် ၂ပွဲရှုံးထားပြီး ရှုံးထားတဲ့ပွဲထဲမှာ ချဲလ်ဆီးကို ၃ဂိုးပြတ်နဲ့ ရှုံးတဲ့ပွဲလည်း ပါပါတယ်။

ချဲလ်ဆီးကတော့ ခြေစမ်းပွဲ ၃ပွဲ ကစားခဲ့ရာမှာ အာဆင်နယ်ကိုနိုင်ခဲ့ပြီး ဘိုင်ယန်နဲ့ အင်တာတို့ကို ရှုံးခဲ့သူပါ။

ဒီပွဲအတွက် Asianbookie က ချဲလ်ဆီးကို အပေါ်ကြေး (L(-50)) ပေးထားပြီး Asian ပရိသတ်အကြိုက်ကတော့ သရေကျရင် တစ်ဝက်နိုင်မယ့် အာဆင်နယ်ကို အကြိုက်တွေ့တယ်လို့ ဆိုပါတယ်။

၂၀၁၆-၁၇ ပရီးမီးယားလိဂ် ချန်ပီယံချဲလ်ဆီးဟာ အာဆင်နယ်အပေါ် ၂၀၁၅က ရှုံးကြွေးကို ပြန်ဆပ်နိုင်မယ်လို့ ထင်ပါတယ်။

ခန့်မှန်း (အာဆင်နယ် ၁-၂ ချဲလ်ဆီး)

U Myo Thant




<< Back EPL News


Advertisement
Here