MNL News

ချန်ပီယီဖြစ်မည့် မြဝတီ

Aug 07 , 2017

၂၀၁၇ မြန်မာနေရှင်နယ်လိဂ် ယူ-၁၈ ပွဲစဉ်(၁၇) ပထမနေ့တွင် အမှတ်ပေးဇယားထိပ်ဆုံးမှ မြဝတီအသင်းသည် တက္ကသိုလ် အသင်းကို ၁၀ ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံဆုအတွက် အခြေအနေကောင်းများ ရရှိသွားပြီဖြစ်ရာ နောက်ဆုံးပွဲစဉ်တွင် သရေရလဒ်ရရှိရုံဖြင့် ချန်ပီယံဆုဆွတ်ခူးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဩဂုတ် ၄ရက်နေ့က ယှဉ်ပြိုင်ကစားသော ပွဲစဉ်(၁၇)တွင် မြဝတီလူငယ်အသင်းနှင့် အဆင့်(၂) နေရာမှ ဒဂုံလူငယ်အသင်းတို့ နိုင်ပွဲကိုယ်စီရယူနိုင်ခဲ့ရာ ချန်ပီယံအသင်းအဖြေထွက်ပေါ်လာခြင်းမရှိသေးဘဲ နောက်ဆုံး ပွဲစဉ်(၁၈) အထိ စောင့်ကြည့်ရမည် ဖြစ်သည်။

လက်ရှိ ပွဲစဉ် (၁၇)အပြီးတွင် မြဝတီအသင်းက ရမှတ် ၄၂ မှတ်ဖြင့် အမှတ်ပေးဇယားကိုဦးဆောင်ခွင့်ရထားပြီး ဒဂုံအသင်းက ရမှတ် ၄၀ ဖြင့် ဖိအားပေးနိုင်ခြင်း ဖြစ်သည်။ နောက်ဆုံးပွဲစဉ် (၁၈) ကို ဩဂုတ် ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး မဟာနှင့် စီးတီးစတား၊ ဖုန်ဂန်နှင့် စီးတီးရန်ကုန်၊ မောရဝတီနှင့် ငွေကြယ်ပွင့်လေးများ၊ ဒဂုံနှင့် မြဝတီအသင်းတို့ တွေ့ဆုံယှဉ်ပြိုင်ကြမည်ဖြစ်သော်လည်း မြဝတီအသင်းအနေဖြင့် သရေရလဒ်ရရှိရုံဖြင့် ချန်ပီယံဆုဖလားကို ကိုင်မြှောက်ခွင့် ရရှိမည် ဖြစ်သည်။

ချန်ပီယံဆုအတွက် အရေးပါနေသည့် ဒဂုံနှင့် မြဝတီအသင်းတို့ပွဲစဉ်ကို ဩဂုတ် ၁၇ ရက် ညနေ ၃နာရီခွဲတွင် ပဒုမ္မာအားကစားကွင်း၌ ကျင်းပမည်ဖြစ်ပြီး အဆိုပါပွဲစဉ်အပြီးတွင် ဆုပေးပွဲအခမ်းအနားကိုပါ ဆက်လက်ကျင်းပမည် ဖြစ်သည်။

U Myo Thant




<< Back MNL News


Advertisement
Here