Gossips

နိုက်စ်ကို ပြောင်းမယ့် ရှနိုက်ဒါ

Aug 07 , 2017

ဟော်လန်ကွင်းလယ်ကစားသမား ရှနိုက်ဒါမှာ ပြင်သစ်ကလပ် နိုက်စ်သို့ ပြောင်းရွှေ့ကစားမည် ဖြစ်သည်။

အသက် ၃၃ နှစ်ရှိပြီဖြစ်သော ရှနိုက်ဒါမှာ ၂၀၁၀ တွင် အင်တာနှင့် အတူ ချန်ပီယံလိဂ်ဖလားရခဲ့သူဖြစ်ပြီး လွန်ခဲ့သော ရာသီကုန်က ဂါလာတာစာရေးမှာ ထွက်လာသူ ဖြစ်သည်။

နိုက်စ်အသင်းမှ ရှနိုက်ဒါအနေနှင့် ပြင်သစ်သို့ ရောက်နေပြီဖြစ်ပြီး အသင်းတွင် ဆေးစစ်ခံနေကြောင်း ယင်းနောက်တွင် စာချုပ်ချုပ်ဆိုမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

နိုက်စ်အသင်းမှာ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း နာမည်ကျော်ကစားသမားများကို ခေါ်ယူခဲ့ပြီး အီတလီတိုက်စစ်မှုး ဘာလိုတယ်လီကိုလည်း ခေါ်ယူခဲ့သူ ဖြစ်သည်။

ထို့အတူ နယူးကာဆယ်မှ ဘင်အာဖာ၊ ဘရာဇီးနောက်ခံလူ ဒန်တီနှင့် မိုနာကို ကွင်းလယ် ဖန်တီးရှင် ဘယ်ဟန်ဒါတို့ကို လွန်ခဲ့သော ၂နှစ်က ခေါ်ယူခဲ့သေးသည်။

၂၀၁၀ ကမ္ဘာ့ဖလားဖိုင်နယ်တွင် ဟော်လန်အသင်းနှင့်အတူ ပါဝင်ကစားခဲ့သူ ရှနိုက်ဒါမှာ မတူညီသော လိဂ် ၄ ခုတွင် အမှတ်ပေးချန်ပီယံ ဆုရခဲ့သူ ဖြစ်သည်။

ရှနိုက်ဒါမှာ ကစားသမားဘဝကို အေဂျက်အသင်းနှင့် စတင်ခဲ့ပြီး ယင်းနောက် ရီးရဲလ်၊ အင်တာ၊ ဂါလာတာစာရေးတို့ကို ပြောင်းရွှေ့ခဲ့သေးသူ ဖြစ်သည်။

နိုက်စ်အသင်းမှာ လွန်ခဲ့သော ရာသီက  အဆင့် ၃ ရခဲ့သောကြောင့် ချန်ပီယံလိဂ် Play-Off ကစားခွင့်ရခဲ့ပြီး နာပိုလီနှင့် တွေ့ဆုံရမည် ဖြစ်သည်။

 

U Myo Thant




<< Back Gossips


Advertisement
Here