Europe News

ဗိုလ်စွဲခဲ့သော ဟော်လန်

Aug 07 , 2017

ယူရို ၂၀၁၇ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အိမ်ရှင်ဟော်လန်က ဒိန်းမိတ်ကို ၄-၂ဖြင့် အနိုင်ရကာ ဗိုလ်စွဲခဲ့ပြီ ဖြစ်သည်။

ပရိသတ် ၂၈၁၈၂ လာရောက်အားပေးခဲ့သော ထိုပွဲတွင် ဒိန်းမတ်မှ နာဒင်ဟာ ပယ်နယ်တီမှ တစ်ဆင့် ဦးဆောင်သွင်းခဲ့သော်လည်း မိုင်ဒီမာနှင့်  မာတန်စ်တို့က ဟော်လန်အတွက် ၂ဂိုးဆက်တိုက်သွင်းယူခဲ့ကာ ပကဒါက ဒိန်းမတ်အတွက် တစ်ဂိုးပြန်သွင်းခဲ့၍ ပထမပိုင်းတွင် ၂ဂိုးစီသရေကျနေခဲ့သည်။

၅၁ မိနစ်တွင် စပစ်စီက ဟော်လန်အတွက် အနိုင်ဂိုးသွင်းယူခဲ့ပြီး မိုင်ဒီမာက ၈၉ မိနစ်တွင် အနိုင်ကို သေချာစေမည့် နောက်တစ်ဂိုးသွင်းယူခဲ့ခြင်းကြောင့် ဟော်လန်က ၄-၂ဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ဟော်လန်အမျိုးသားအသင်းမှာမူ ယူရို ၂၀၁၆ ပြိုင်ပွဲအတွက် ခြေစစ်ပွဲပင် မအောင်ခဲ့ပဲ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင်လည်း အခြေအနေကောင်းရန် ရုန်းကန်နေရဆဲ ဖြစ်သည်။

လွန်ခဲ့သော နှစ်များက ဆီမီးအဆင့်သို့ ၅ ကြိမ်ရောက်ခဲ့သော်လည်း ရှုံးခဲ့ပြီး ယခုမှ ဆီမီးကိုကျော်ဖြတ်ကာ နောက်ဆုံးဗိုလ်လုပွဲရောက်ခဲ့ရသည့် ဒိန်းမတ်အတွက် ရှုံးပွဲတွေ့ရခြင်းမှာ အသင်းသားများအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရသည်။

ဟော်လန်အသင်းမှ ယခုပွဲတွင် ဂိုးသွင်းခဲ့သူ မာတန်စ်မှာ ယူရို ၂၀၁၇ ပြိုင်ပွဲ၏ အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသည်။

U Myo Thant




<< Back Europe News


Advertisement
Here