EPL News

မန်ယူအရေး တရုတ်ငြင်းဆို

Aug 07 , 2017

တရုတ်နိုင်ငံ ပင်အန်အုပ်စု ကုမ္ပဏီက ၎င်းတို့အနေနှင့် မန်ယူအသင်းရှယ်ယာများ ဝယ်ယူရန်ပြင်ဆင်နေသည်ဆိုသည့် သတင်း အပေါ် ငြင်းဆိုလိုက်သည်။

ဆန်းဒေးတိုင်းမ်စ်သတင်းစာကြီးက တရုတ်ကုမ္ပဏီမှ ကိုယ်စားလှယ်များက ဂလေဇာမိသားစု ပိုင်ဆိုင်သော မန်ယူအသင်းတွင် ရင်းနှီးမြှပ်နှံရန် စိတ်ဝင်စားခဲ့သောကြောင့် ရှယ်ယာများကို ဝယ်ယူရန် ကြိုးစားနေကြောင်း ဆိုခဲ့သည်။

မန်ယူအသင်းမှ လွတ်လပ်သော ရှယ်ယာပိုင်ရှင်အချို့မှာ ပြန်ရောင်းရန် ဆက်သွယ်ပြောဆိုမှုခံခဲ့ရကြောင်း သိရပြီး ပင်အန် ကုမ္ပဦကမူ ၎င်းတို့ မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။

ပိုင်အန်ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူ ရူရှန်းက ဒီသတင်းဟာ အမှားကြီးပါ။ "ကျနော်တို့ဟာ မန်ယူရှယ်ယာတွေကို ဝယ်ဖို့ မစဉ်းစားခဲ့ပါဘူး ကုမ္ပဏီရဲ့ CEO မင်ဇီဟာ မန်ယူရဲ့ ဘယ်လိုရှယ်ယာမျိုးကိုမှ မပိုင်ခဲ့ဘူးပါဘူး" ဟု ပြောဆိုသွားခဲ့သည်။

မန်ယူအသင်းမှာ ၂၀၁၇-၁၈ ရာသီအဖွင့်ပွဲစဉ်အဖြစ် ရီးရဲလ်နှင့် ဥရောပစူပါဖလားပွဲကို မနက်ဖြန်တွင် စတင်ကစားကာ ပရီးမီးယားအဖွင့် ပွဲစဉ် ၁ အဖြစ် တနင်္ဂနွေနေ့တွင် ၀က်စ်ဟမ်းနှင့် တွေ့ဆုံမည် ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here