EPL News

မာတီဆက်ကာကို ကာဟေး တောင်းပန်

Aug 08 , 2017

လွန်ခဲ့သော တနင်္ဂနွေနေ့က ကစားသွားခဲ့သည့် ကွန်မြူနတီဒိုင်းဖလားပွဲတွင် အဝင်ကြမ်းခဲ့ခြင်းကြောင့် ချဲလ်ဆီးအသင်းခေါင်းဆောင် ကာဟေးလ်က အာဆင်နယ်မှ မာတီဆက်ကာကို တောင်းပန်လိုက်သည်။

သာမန်ကစားချိန်အတွင်း ၁ဂိုးစီ သရေကျနေခဲ့ခြင်းကြောင့် ပယ်နယ်တီအဆုံးအဖြတ် ရယူရာတွင် အာဆင်နယ်က ၄-၁ဖြင့် အနိုင်ရရှိခဲ့ပြီး ယင်းပွဲအပြီးတွင် ကာဟေးလ်က မာတီဆက်ကာကို သွားရောက် တောင်းပန်ခဲ့သည်။

မာတီဆက်ကာက ယခုကဲ့သို့ လာရောက်တောင်းပန်မှုမှာ ကစားသမားတစ်ဦးအဖြစ် ပီသစေခဲ့ကြောင်း မိမိတို့အနေနှင့် ကွင်း အတွင်းတွင် အနိုင်မခံ အရှုံးမပေး ကစားမည်ဖြစ်သော်လည်း ကွင်းအပြင်တွင် မိတ်ဆွေများ ဖြစ်လာစေသည်ဟု ပြောဆိုခဲ့သည်။

မာတီဆက်ကာအနေနှင့် အာဆင်နယ်အသင်း၏ ပွဲဦးထွက် ပွဲစဉ် ၁အဖြစ် သောကြာနေ့တွင် လက်စတာနှင့် စတင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here