EPL News

ဘရိုက်တန်ရောက် ပရော့ပါး

Aug 08 , 2017

ပရီးမီးယားတန်းတက်အသင်း ဘရိုက်တန်မှာ PSV ကွင်းလယ်ကစားသမား ပရော့ပါးကို အသင်းစံချိန်တင်ဈေးဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

ဘရိုက်တန်အသင်းမှာ အသင်းသက်တမ်းတစ်လျှောက် အမြင့်ဆုံးပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၆သန်းနှင့် ပရော့ပါးကို ခေါ်ယူ ခဲ့ခြင်း ဖြစ်သည်။

ပရော့ပါးမှာ ၄နှစ်စာချုပ်ဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး ဘရိုက်တန် နည်းပြ ဟုခ်ျတန်က ပရော့ပါးအနေနှင့် အသင်းအတွက် ကောင်းကျိုးများကို လုပ်ဆောင်ပေးလာမည့်သူဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ၂၅ နှစ်သား  ပရော့ပါးမှာ ဟော်လန်လက်ရွေးစင်အသင်း အတွက် ၅ ကြိမ် ကစားပေးခဲ့ပြီး ဖြစ်သည်။

ဘရိုက်တန်၏ လွန်ခဲ့သော ဈေးအမြင့်ဆုံးကစားသမားမှာ ဗလင်စီယာအသင်းထံမှ ဩစတြေးလျ ဂိုးသမား ရိုင်ယန်ကို ပေါင် ၅သန်းဖြင့် လွန်ခဲ့သော ဇွန်လက ခေါ်ယူခဲ့မှု ဖြစ်သည်။

ပရော့ပါးမှာ ဗီတက်စီအသင်းမှ PSV သို့ ၂၀၁၅ တွင် ရောက်ရှိခဲ့သူဖြစ်ပြီး ပထမဆုံးရာသီတွင် အသင်းနှင့် အတူ အမှတ်ပေးချန်ပီယံဖြစ်ခဲ့ပြီး စုစုပေါင်း ၆၇ ပွဲတွင် ၁၆ ဂိုး သွင်းယူပေးထားသူ ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here