La-liga News

နေမာအကြောင်းပြောတဲ့ ဥက္ကဋ္ဌ

Aug 08 , 2017

PSG သို့ ပြောင်းရွှေ့သွားသော နေမာ၏ ပြုမှုပုံမှာ မိမိတို့ မျှော်လင့်ထားသော ဘာစီလိုနာ ကစားသမား အမူအကျင့်မျိုး မဟုတ်ကြောင်း ဘာစီလိုနာအသင်း ဥက္ကဋ္ဌ ဘာတိုမီက ပြောဆိုလိုက်သည်။

နေမာမှာ ၂၀၁၆ တွင် ဘာစီလိုမာနှင့် သက်တမ်းတိုးစာချုပ်ချုပ်စဉ်ကပင် အသင်းပြောင်းချင်နေသည့် ပုံစံကို မြင်တွေ့ခဲ့ရကြောင်း ဆက်လက်ပြောဆိုခဲ့သည်။

နေမာမှာ  ဘာစီလိုနာမှ PSG သို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀၀ ဖြင့် ရောက်ရှိသွားသူဖြစ်ပြီး အသင်းပြောင်းတော့မည်ဟု သတင်းထွက်လာချိန်မှစ၍ သူ၏ ရှေ့ရေးအကြောင်း ပြောဆိုရန်ကို ငြင်းဆန်ခဲ့သူ ဖြစ်သည်။

လွန်ခဲ့သော ဗုဒ္ဓဟူးနေ့တွင် အသင်းလေ့ကျင့်ရေးသို့ လာရောက်ခဲ့ကာ အသင်းပြောင်းရွှေ့ရန်အတွက် ခွင့်ပြုချက်ပေးရေး တောင်းဆိုခဲ့သူဖြစ်ပြီး နောက် ၂ရက်အကြာတွင် အပြောင်းအရွှေ့ကို အပြီးသတ် နိုင်ခဲ့သူ ဖြစ်သည်။

ဘာတိုမီက နေမာမှာ ဘာစီလိုနာ၏ အပိုင်းအစတစ်ခုအဖြစ် လွန်ခဲ့သော ၄နှစ်အတွင်း အောင်မြင်ခဲ့သော်လည်း ယခုအခါ နေမာမှာ မှတ်တမ်းထဲတွင်သာ ကျန်ရစ်တော့မည် ကစားသမားဖြစ်သွားခဲ့ပြီဖြစ်ကြောင်း နည်းပြ၊ ကစားသမား၊ တာဝန်ရှိသူများက မည်သို့ပင် အကောင်းမြင်စိတ်ဖြင့် ဝိုင်းဝန်းပြောဆိုခဲ့သော်လည်း ဂရုမစိုက်ပဲ စိတ်ကြိုက်ဆုံးဖြတ်သွားခဲ့သူဖြစ်ကြောင်း ဘာစီလိုနာနှင့် နေမာ ပတ်သက်မှုမှာ တစ်စခန်း သိမ်းသွားပြီဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back La-liga News


Advertisement
Here