Europe News

အဆင်သင့်ရှိနေတဲ့ စီရိုနယ်ဒို

Aug 08 , 2017

ရီးရဲလ်နည်းပြ ဇီဒန်းက စီရိုနယ်ဒိုမှာ ရီးရဲလ်၏ ပွဲစဉ်များအတွက် ကြံ့ခိုင်မှုအပြည့်ဖြင့် အဆင့်သင့်ရှိနေပြီဖြစ်ကြောင်း မန်ယူနှင့် ကစားရမည့် ဥရောပစူပါဖလားပွဲ မတိုင်မီ ပြောဆိုလိုက်သည်။

စီရိုနယ်ဒိုမှာ အခွန်တိမ်းရှောင်မှုစွဲချက်ဖြင့် စစ်ဆေးခံခဲ့ရပြီးနောက် အင်္ဂလန်သို့ ပြန်ချင်ပြီဟု ဆိုခဲ့သဖြင့် ပရိသတ်များကြားတွင် သို့လော...သို့လော ဖြစ်ခဲ့ရသည်။

သို့သော်လည်း နည်းပြဇီဒန်းက "အသံတွေထွက်လာတာ အများကြီး၊ ဖြစ်ပျက်သွားတာတွေလည်း အများကြီးပါပဲ။ ဒါပေမဲ့ စီရိုနယ်ဒိုဟာ အေးအေးဆေးဆေးရှိနေသလို ကစားရမယ့်ပွဲတွေအတွက်လည်း အဆင်သင့်ပါပဲ၊ သူဟာ ပရော်ဖက်ရှင်နယ်ဘောလုံးကစား ပီသသူမို့ သူ ကစားမလား၊ မကစားဘူးလား စောင့်ကြည့်ပါ။ ကောင်းကောင်းကစားသလား၊ သာမန်ပဲလား စောင့်ကြည့်ကြစမ်းပါ" ဟု နည်းပြ ဇီဒန်းက ပြောဆိုခဲ့သည်။

နည်းပြ ဇီဒန်း၏ ၂၄ ဦးလူစာရင်းတွင် စီရိုနယ်ဒိုပါဝင်နေပြီး အသင်းဟောင်းနှင့် ပြန်ဆုံရမည့်ပွဲဖြစ်သကဲ့သို့ မန်ယူနည်းပြ မော်ရင်ဟိုမှာလည်း အသင်းဟောင်း  ရီးရဲလ်နှင့် ပြန်လည်ရင်ဆိုင်ရခြင်း ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here