Europe News

ဥရောပစူပါဖလားခန့်မှန်း

Aug 08 , 2017

အင်္ဂါည ၁း၁၅ နာရီ

ရီးရဲလ် - မန်ယူ

၂၀၁၇-၁၈ ရာသီအဖွင့်ပွဲစဉ် တစ်ပွဲဖြစ်တဲ့ဥရောပစူပါဖလားပွဲမှာ ကစားကြမယ့် ၂သင်းကတော့ ရီးရဲလ်နဲ့ မန်ယူတို့ပါပဲ။

၁၉၇၂ ကစလို့ ကျင်းပခဲ့တဲ့ ဒီဖလားပွဲမှာ ရီးရဲလ်က ၅ကြိမ် ကစားခွင့်ရရာမှာ ၃ကြိမ် ဗိုလ်စွဲထားပါတယ်။ ၃ကြိမ် ကစားခွင့်ရတဲ့ မန်ယူကတော့ ၁ကြိမ် ဗိုလ်စွဲထားသူပါ။

မန်ယူဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာ လက်စတာကို နိုင်ပြီး ကွန်မြူနတီဒိုင်းရခဲ့လို့ EFL ဖလားပွဲမှာ ဆောက်သင်တန်၊ ယူရိုပါလိဂ်ဖလားပွဲမှာ အေဂျက်တို့ကို နိုင်ခဲ့လို့ တကယ်လို့များ အခုပွဲမှာ ရီးရဲလ်ကို နိုင်ခဲ့ရင် ၁နှစ်တာအတွင်း မတူညီတဲ့ ဖလား ၄လုံးရတဲ့ အသင်းအဖြစ် မှတ်တမ်းဝင်မှာပါ။

ဒါပေမဲ့ ပြိုင်ဘက်က ရီးရဲလ်မို့ မန်ယူအတွက် မလွယ်ပါဘူး။

မန်ယူအသင်းဟာ စပိန်အသင်းတွေနဲ့၁၀ ကြိမ် တွေ့ခဲ့ရာမှာ ၂ကြိမ်ပဲ အနိုင်ရဘူးပါတယ်။

ရီးရဲလ်အတွက် ကစားခဲ့တဲ့နောက်ဆုံး ၁၀ပွဲမှာ ၁၆ ဂိုး သွင်းပေးခဲ့တဲ့ စီရိုနယ်ဒိုဟာ ဒီပွဲမှာ ဘေးလ်နဲ့အတူ ပါလာမှာပါ။

မန်ယူဘက်မှာတော့ ဖီးလ်ဂျုန်းနဲ့ ဘိုင်လီတို့ ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါသလို လုခ်ရှော၊ ရိုဂျို၊ အက်ရှ်လေယန်းတို့က ဒဏ်ရာရှိနေပါတယ်။

ချဲလ်ဆီးကနေ ရောက်လာတဲ့ မာတစ်ကတော့ မန်ယူအတွက် ပါလာနိုင်သူပါ။

မန်ယူနည်းပြ မော်ရင်ဟိုဟာ ၂၀၀၃ မှာ ပေါ်တိုနည်းပြ၊ ၂၀၁၃ မှာ ချဲလ်ဆီးနည်းပြအဖြစ်တို့နဲ့ ဥရောပစူပါဖလားပွဲကို ဝင်ခဲ့ရာမှာ ၂ကြိမ်လုံး ရှုံးခဲ့ဘူးသူ ဖြစ်ပါတယ်။

ဥရောပစူပါဖလားပွဲ နောက်ဆုံး ၈ကြိမ်မှာ စပိန်အသင်းတွေက ၇ကြိမ် အသာစီးရခဲ့တာဟာလည်း စဉ်းစားစရာပါပဲ။

ရာသီကြိုခြေစမ်းပွဲတွေမှာ ရီးရဲလ်ဟာ မန်ယူ၊ မန်စီးတီး၊ ဘာစီလိုနာတို့ကို ရှုံးခဲ့ပေမဲ့ အဲဒီပွဲတွေဟာ တကယ့်ပြိုင်ပွဲအသွင်မျိုး မဟုတ်ပဲ ကစားသမားတွေရဲ့ အနေအထားကို စမ်းသပ်တဲ့ပုံစံမျိုးလောက်ပဲ ရှိပါတယ်။

ရာသီကြို ခြေစမ်းပွဲ ၇ပွဲမှာ ၆ပွဲ နိုင်ထားတဲ့ မန်ယူရဲ့ တကယ်ခြေစွမ်း ဘယ်လိုရှိမယ်ဆိုတာ ဒီညမှာမှ မြင်ရမှာပါ။

Asianbookie က ရီးရဲလ်ကို သရေအရှုံးလို့ အပေါ်ကြေးပေးထားသလို အာရှသားတွေကလည်း ရီးရဲလ်ကိုပဲ မှန်းထားကြပါတယ်။ လူမစုံလှတဲ့ မန်ယူဟာ သာမန်ပွဲကစားချိန်တွင် ရီးရဲလ်ကို သရေခံကစားနိုင်ရင်ကို တော်လှပါပြီ။ ဒါပေမဲ့ ရီးရဲလ်တိုက်စစ်ကို ထိန်းနိုင်ပါ့မလား။

ခန့်မှန်း (ရီးရဲလ် ၂-၁ မန်ယူ)

U Myo Thant




<< Back Europe News


Advertisement
Here