၂၀၁၇ ဥရောပစူပါဖလားပွဲတွင် ရီးရဲလ်က မန်ယူကို ၂-၁ဖြင့် အနိုင်ရခဲ့သောကြောင့် ၁၉၉၂ နောက်ပိုင်း လက်ရှိချန်ပီယံဆုကို ဆက်လက်ကာကွယ်နိုင်သည့် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ဥရောပဖလားပွဲများကို ချန်ပီယံလိဂ်ဟု ၁၉၉၂ မှစ၍ ပြောင်းလဲခေါ်ဝေါ်ခဲ့ပြီး လက်ရှိ၂၀၁၇ အထိ ၂၅နှစ်တာ ကာလအတွင်း ချန်ပီယံလိဂ် ချန်ပီယံဆုကို ၂နှစ်ဆက်တိုက် ရခဲ့သော ပထမဆုံး အသင်းလည်း ဖြစ်ခဲ့ရသည်။
ချန်ပီယံလိဂ်တွင် ၁၂ ကြိမ် ဗိုလ်စွဲထားသော အအောင်မြင်ဆုံးအသင်းဖြစ်သည့် ရီးရဲလ်မှာ ၂၀၁၆ နှင့် ၂၀၁၇ တို့တွင် ၂ရာသီဆက်တိုက် ဗိုလ်စွဲခဲ့သည်။
ယခု မန်ယူနှင့် ပွဲတွင် ရီးရဲလ်အတွက် ကက်စ်မဲရိုး၊ အက်စကိုတို့ကဂိုးများ သွင်းယူခဲ့ပြီး မန်ယူအတွက် လူကာကူက ချေပဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့သည်။
မန်ယူအသင်းမှာ လာမည့် ၁၃ ရက်နေ့တွင် ပရီးမီးယားအဖွင့် ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနှင့် စတင်ရင်ဆိုင်ရမည်ဖြစ်ပြီး ရီးရဲလ်မှာ စပိန်စူပါဖလားပွဲအဖြစ် ၁၄ ရက်နေ့တွင် ဘာစီလိုနာနှင့် ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။
U Myo Thant