Europe News

အိမ်ရှင်ကိုနိုင်ခဲ့သော စပိန် ယူ-၁၉

Aug 09 , 2017

ဥရောပ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲတွင် စပိန် ယူ-၁၉ အသင်းမှာ အိမ်ရှင်မြောက်အိုင်ယာလန်ကို ၂-၀ဖြင့် အနိုင်ရရှိခဲ့သည်။ ဘဲလ်ဖတ်စ်တွင် ကစားမည့် ထိုပွဲတွင် စပိန်မှ ဂါစီယာနှင့် ဂူဂျာရိုတို့က အနိုင်ဂိုးများ သွင်းယူခဲ့ခြင်း ဖြစ်သည်။

အခြားပွဲစဉ်များတွင် ဂျာမနီက စကော့တလန်ကို ၃-၀၊ အင်္ဂလန်က အီတလီကို ၂-၁၊ ဟော်လန်က ပြင်သစ်ကို ၂-၀တို့ဖြင့် အသီးသီး အနိုင်ရခဲ့ကြသည်။

၎သင်းပါ အုပ်စု ၂စုဖြင့် စတင်ယှဉ်ပြိုင်ကြပြီဖြစ်သည့် ဥရောပ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲတွင် အုပ်စု A၌ ဂျာမနီ၊ စပိန်၊ အိမ်ရှင်မြောက်အိုင်ယာလန်နှင့် စကော့တလန်တို့ ပါဝင်ကြပြီး အုပ်စု B တွင် ဟော်လန်၊ အင်္ဂလန်၊ အီတလီ၊ ပြင်သစ်တို့ ပါဝင်ကြသည်။

အုပ်စု ၁ခုစီမှ ပထမနှင့် ဒုတိယရ အသင်းများမှာ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်များကို ၁၇ ရက်နှင့် ၁၈ ရက်နေ့များတွင် ကစားကာ နောက်ဆုံးဗိုလ်လုပွဲမှာ ဩဂုတ်လ ၂၁ ရက်နေ့ ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here