Serie-A News

ဆောက်သင်တန်ရောက် လီမီနာ

Aug 09 , 2017

ဂါဘွန်လက်ရွေးစင် ဂျူဗင်တပ် ကွင်းလယ်ကစားသမား လီမီနာကို ဆောက်သင်တန်အသင်းက ကလပ်စံချိန်တင်ဈေး ယူရို သန်း ၂၀ ဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

ဆောက်သင်တန်က ယူရို ၁၇ သန်းဖြင့် စတင်ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးတွင် စီးရီးအေချန်ပီယံ ဂျူဗင်တပ်က ယူရို သန်း ၂၀ ဖြင့် သဘောတူခဲ့ခြင်း ဖြစ်သည်။

လီမီနာမှာ ၂၀၁၅ တွင် မာဆေးမှ ဂျူဗင်တပ်သို့ ရောက်ရှိလာခဲ့သူဖြစ်ပြီး ၂၃ နှစ်သား လီမီနာအနေနှင့် စီးရီးအေ ပွဲစဉ် ၁၅ ပွဲကို ပွဲဦးထွက် ကစားသမားဘဝဖြင့် ကစားပေးခဲ့ခြင်းဖြစ်ကာ ယခု ၅နှစ်စာချုပ်ဖြင့် ပရီးမီးယားလိဂ်သို့ ခြေချလာခဲ့ခြင်း ဖြစ်သည်။

သူသည် ပြိုင်ပွဲအားလုံးအတွက် စုစုပေါင်း ၄၂ ပွဲကစားပေးခဲ့ကာ ၃ဂိုး သွင်းယူပေးခဲ့သည်။

လီမီနာက ဆောက်သင်တန်သို့ ပြောင်းရွှေ့ခွင့်ရသည့်အတွက် များစွာဝမ်းသာကြောင်း၊ မိမိ၏ မိသားစုသည်လည်း မိမိအတွက် ဂုဏ်ယူပျော်ရွှင်နေကြောင်း၊ ပြောဆိုခဲ့ပြီး ဆောက်သင်တန်ဒုဥက္ကဋ္ဌ လက်စ်ရိဒ်က လီမီနာမှာ အစွမ်းအစရှိသော လူငယ်ကစားသမားတစ်ဦးဖြစ်ကြောင်း၊ ဂျူဗင်တပ်ကဲ့သို့သော အသင်းမျိုးထံမှ လီမီနာကဲ့သို့အရည်အချင်းရှိ ကစားသမားမျိုးကို ခေါ်ယူနိုင်ခဲ့၍ များစွာ ကျေနပ်မိကြောင်း ပြောဆိုသွားခဲ့သည်။

နည်းပြ ပယ်လီဂရီနီ၏ ဆောက်သင်တန်အသင်းမှာ ပိုလန် ယူ-၂၁ နောက်ခံကစားသမား ဘက်နာရက်ကို ခေါ်ယူခဲ့ပြီးနောက် ဒုတိယမြောက် ကစားသမားအဖြစ် လီမီနာကို ခေါ်ယူခဲ့ခြင်းဖြစ်ကာ ပရီးမီးယား အဖွင့်ပွဲတွင် ဆွမ်ဆီးနှင့် တွေ့ဆုံရမည် ဖြစ်သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here