Gossips

အစ္စရေးနည်းပြ ဖြစ်လာမည့်သူ

Aug 09 , 2017

အိုင်ယာလန်လန်လက်ရွေးစင်အသင်း လက်ထောက်နည်းပြဖြစ်သူ ရွိုင်ကိန်းမှာ လာမည့်နွေတွင် စာချုပ်သက်တမ်းပြည့်မည်ဖြစ် ပြီး ယင်းနောက်တွင် အစ္စရေးအသင်းကို ကိုင်တွယ်မည်ဟု သိရသည်။

အစ္စရေးဘောလုံးအဖွဲ့ချုပ်က ရွိုင်ကိန်းကို နည်းပြအဖြစ် တာဝန်ပေးရန် ဆန္ဒရှိနေပြီး ရွိုင်ကိန်းမှာ လောလောဆယ်တွင် အိုင်ယာလန်နည်းပြ အိုနေးလ်၏ လက်ထောက်အဖြစ် ၂၀၁၃ကတည်းက ရှိနေခဲ့သူ ဖြစ်သည်။

ဆန်းဒါးလန်း၊ အစ်ဆွစ်ခ်ျတို့ကို တာဝန်ယူခဲ့ဘူးသူ ကိန်းမှာ နည်းပြဘဝအဖြစ်နှင့် အသင်းတစ်သင်းသင်းကို အပြည့်အဝ ကိုင်တွယ်ခွင့်ရလိုနေသူ ဖြစ်သည်။

အစ္စရေး မီဒီယာအုပ်စုတစ်ခုဖြစ်သော ONE က အိုင်ယာလန်လက်ထောက်နည်းပြအနေနှင့် လက်ရှိစာချုပ် သက်တမ်းကုန်ဆုံး သွားပါက ယူရို ၂၀၂၀ ဝင်ခွင့်အတွက် အစ္စရေးအသင်းကို တာဝန်ယူလာလိမ့်မည်ဟု ဆိုသည်။

လက်ရှိအချိန်တွင် အိုင်ယာလန်အသင်းမှာ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုအဆင့်၌ ခြေအနေကောင်းခဲ့ပြီး လက်ရှိတွင် အုပ်သုထိပ်မှ ဆားဘီးယားနှင့် အမှတ်တူ ရပ်တည်နိုင်ဆဲ ဖြစ်သည်။

အစ္စရေးအသင်းမှာမူ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုအဆင့်တွင် ဇယားထိပ်မှ စပိန်၊ အီတလီတို့နှင့် ၇မှတ် ကွာဟနေဆဲ ဖြစ်သည်။

U Myo Thant




<< Back Gossips


Advertisement
Here