MNL News

မြန်မာ ယူ-၁၂ အသင်း ဆီမီးတက်ရောက်

Aug 10 , 2017

တရုတ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသော 2017 Soong Ching Ling Cup ပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် မြန်မာ ယူ-၁၂ အသင်းသည် ထိုင်း ယူ-၁၂ အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ၁ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

မြန်မာ ယူ-၁၂ အသင်းသည် ယမန်နေ့နံနက်ပိုင်းတွင် ထိုင်း ယူ-၁၂ အသင်းနှင့် အုပ်စု (ခ) နောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားပြီး ၁ဂိုး-ဂိုးမရှိဖြင့် ရှုံးပွဲတွေ့ကြုံခဲ့ခြင်း ဖြစ်သည်။ သို့သော် မြန်မာ ယူ-၁၂ အသင်းသည် အုပ်စုတွင်း၌ အိမ်ရှင် တရုတ်(ခ) အသင်းသကို ၁ဂိုး-ဂိုးမရှိ၊ ကမ္ဘောဒီးယား ယူ-၁၂ အသင်းကို ၁၆ ဂိုးပြတ်၊ အင်ဒိုနီးရှား ယူ-၁၂ အသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သောကြောင့် ဆီမီးဖိုင်နယ်သို့ အုပ်စု (ခ) ပထမနေရာဖြင့် တက်ရောက်နိုင်ခဲ့သည်။

ထို့ကြောင့် မြန်မာ ယူ-၁၂ အသင်းသည် ဆီမီးဖိုင်နယ်တွင် အုပ်စု (က)မှ ဒုတိယနေရာဖြင့် တက်ရောက်လာသည့် လာအိုအသင်းနှင့် တွေ့ဆုံနေပြီး ဩဂုတ် ၁၀ ရက်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

U Myo Thant




<< Back MNL News


Advertisement
Here