EPL News

မော်ရင်ဟိုကို ချီးကျူးတဲ့ ဘေးလ်

Aug 10 , 2017

ရီးရဲလ်စတား ဂါရတ်ဘေးလ်က မန်ယူနည်းပြ မော်ရင်ဟို၏ အရည်အချင်းကို ချီးကျူးခဲ့ပြီး မန်ယူအနေနှင့် ပရီးမီးယားထိပ်ဆုံးသို့ တက်လှမ်းနိုင်လိမ့်မယ်ဟု ပြောဆိုလိုက်သည်။

UEFA စူပါဖလားပွဲအပြီးတွင် မော်ရင်ဟိုက ဘေးလ်ကို ခေါ်ယူရန် မျှော်လင့်ချက် ကုန်ဆုံးသွားပြီဟု ပြောဆိုခဲ့ပြီး ဘေးလ်က သူ့အနေနှင့် ရီးရဲလ်တွင် ဆက်နေမည်ဖြစ်ကြောင်း၊ မော်ရင်ဟို၏ ကမ်းလှမ်းမှုကို ကျေးဇူးတင်ပါကြောင်း၊ မော်ရင်ဟိုမှာ နည်းပြကောင်းတစ်ဦး၏ အရည်အချင်းများနှင့် ကိုက်ညီသူဖြစ်ကြောင်း၊ ထို့ကြောင့် ယခုရာသီတွင် မန်ယူမှာ ထူးခြားသော စွမ်းဆောင်အချို့ ရခဲ့သကဲ့သို့ ယခုရာသီတွင်လည်း ဆက်လက်မျှော်လင့်နိုင်ကြောင်း ပြောဆိုသွားခဲ့သည်။

၂၈ နှစ်သား ဘေးလ်က သူ့အနေနှင့် အဆင်ပြေနေသော ရီးရဲလ်မှ မခွာလိုသေးကြောင်း အောင်မြင်မှုလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းရေးရင်း ဆုဖလားများ ရရှိရေး ထပ်မံကြိုးစားသွားဦးမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

၂၀၁၇-၁၈ ရာသီအတွက် ပရီးမီးယားပွဲစဉ်များကို ယခုအပတ်တွင် စတင်မည်ဖြစ်ပြီး လာလီဂါအပါအဝင် စီးရီးအေနှင့် ဘွန်ဒစ်လီဂါပွဲများကို လာမည့် အပတ်တွင် စတင်ယှဉ်ပြိုင်ကြတော့မည် ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here