EPL News

ချဲလ်ဆီးကို အလည်သွားတဲ့ တယ်ရီ

Aug 10 , 2017

အက်စတန်ဗီလာသို့ ပြောင်းရွှေ့သွားပြီဖြစ်သော ဂျွန်တယ်ရီမှာ ယမန်နေ့က အသင်းဟောင်း ချဲလ်ဆီး၏ ကိုဟမ်လေ့ကျင့်ရေးကွင်းသို့ အလည်သွားရောက်ကာ အသင်းဖော်ဟောင်းများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ချဲလ်ဆီးတွင် ၁၉ နှစ်ကြာကစားခဲ့သူ တယ်ရီမှာ လွန်ခဲ့သော ရာသီ ပွဲစဉ် ၃၈ နောက်ဆုံးပွဲစဉ်တွင် ချဲလ်ဆီးအတွက် နောက်ဆုံးကစားပေးခဲ့ကာ အသင်းသားနှင့် ပရိသတ်များကို နှုတ်ဆက်သွားသူ ဖြစ်သည်။

အသက် ၃၆ နှစ် ရှိပြီဖြစ်သော တယ်ရီမှာ အခြား ပရီးမီးယားအသင်းများသို့ ပြောင်းလိုလျှင် ပြောင်း၍ရသော်လည်း ချဲလ်ဆီးကို ပြိုင်ဘက်အဖြစ်နှင့် ရင်မဆိုင်လိုခြင်းကြောင့် ပထမတန်းမှ အက်စတန်ဗီလာကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ဗီလာအသင်းမှာ ယမန်နေ့က EFL ဖလားပြိုင်ပွဲအဖြစ် ကိုချက်စတာ ယူနိုက်တက်နှင့် အဝေးကွင်းတွင် ရင်ဆိုင်ခဲ့ရပြီး တယ်ရီ မပါသော ထိုပွဲတွင် ဗီလာက ၂-၁ဖြင့် နိုင်ကာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

တယ်ရီအနေနှင့် ချဲလ်ဆီးလေ့ကျင့်ရေးကွင်းသို့ ရောက်လာချိန်တွင် အသင်းဖော်ဟောင်းဖြစ်သူ တောင်ပံကစားသမား ပီဒရိုက အင်စတာဂရမ်မှနေ၍ တယ်ရီနှင့် နှစ်ဦးတွဲပုံ ရိုက်ထားသည်ကို တင်ပေးခဲ့ပြီး ဂန္တဝင် ကစားသမားကြီးနှင့် တွေ့ဆုံရသည်မှာ ကြည်နူးစရာကောင်းလှကြောင်း ရေးသားထားခဲ့သည်။

U Myo Thant




<< Back EPL News


Advertisement
Here