EPL News

သန်း ၉၀ နဲ့ မရောင်းတဲ့ ကော်တင်ဟို

Aug 10 , 2017

ဘာစီလိုနာအသင်းက ကော်တင်ဟိုကို ပေါင်သန်း ၉၀နှင့် ကမ်းလှမ်းခဲ့မှုအား လီဗာပူးအသင်းက ပယ်ချလိုက်သည်။

လီဗာပူးအသင်းမှာ ကမ်းလှမ်းမှုကို တတိယအကြိမ်မြောက် ပယ်ချခဲ့ခြင်းဖြစ်ပြီး ယခင် ပေါင် ၇၁ သန်းဖြင့် ကမ်းလှမ်းမှု၊ ပေါင်သန်း ၈၀ဖြင့် ကမ်းလှမ်းမှုများကိုလည်း ပယ်ချခဲ့ပြီ ဖြစ်သည်။

ဘရာဇီးသား ကော်တင်ဟိုမှာ လောလောဆယ် ကျောဒဏ်ရာရှိနေသဖြင့် လာမည့် ပရီးမီးယားပွဲစဉ် ၁ အဖြစ် ဝတ်ဖို့ဒ်အသင်းနှင့် ကစားရမည့်ပွဲစဉ်ကို လွဲချောမည်ဟု မျှော်လင့်ရသည်။

အသက် ၂၅ နှစ်အရွယ် ကော်တင်ဟိုမှာ လီဗာပူးမှ ထွက်ခွာလိုနေသူဖြစ်ပြီး ဘာစီလိုနာအနေနှင့်လည်း အဆိုပါ ကွင်းလယ်ကစားသမားကို ရအောင်ခေါ်မည်ဟု ဆိုသည်။

လီဗာပူးအနေနှင့် ဝတ်ဖို့ဒ်နှင့် ပွဲအပြီးတွင် ချန်ပီယံလိဂ်ခြေစစ်ပွဲအဖြစ် ဂျာမနီကလပ် ဟော့ဖန်ဟိန်းနှင့် ကစားရမည်ဖြစ်ပြီး ထိုပွဲအတွက် ကော်တင်ဟိုကိုသာ ထည့်ကစားစေခဲ့ပါက ကော်တင်ဟိုအနေနှင့် ဘာစီလိုနာသို့ရောက်လျှင်လည်း ချန်ပီယံလိဂ်ပွဲများတွင် ပါဝင်ခွင့်ရှိတော့မည် မဟုတ်ပေ။

ထို့ကြောင့် ဘာစီလိုနာအနေနှင့် ထိုပွဲစဉ်မတိုင်မီအပြောင်းအရွှေ့ကို ပြီးမြောက်စေလိုသူ ဖြစ်သည်။

လီဗာပူးအနေနှင့် ကော်တင်ဟိုကို မရောင်းပါဟု ဆိုနေသကဲ့သို့ ဘာစီလိုနာကလည်း ပေါင်သန်း ၁၂၀ အထိ တိုးမြှင့်ကမ်းလှမ်းရန် ကြံရွယ်ထားကြောင်း သိရသည်။

U Myo Thant




<< Back EPL News


Advertisement
Here