EPL News

ရှယ်ယာရောင်းမယ် ဂလေဇာ

Aug 10 , 2017

မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုမှာ ၎င်းတို့ ပိုင်ဆိုင်သော မန်ယူရှယ်ယာများထဲမှ တန်ဖိုးပေါင်း ၅၆.၀၄သန်းဖိုးရှိ ရှယ်ယာ ၂% နီးပါးကို ထုတ်ရောင်းမည်ဟု သိရသည်။

ဂလေဇာမိသားစုအနေနှင့် လာမည့် အင်္ဂါနေ့တွင် နယူးယောက်စတော့ အိတ်ချိန်း၌ ထိုအရောင်းအဝယ်ကို ပြုလုပ်မည်ဖြစ်ပြီး အဆိုပါငွေကြေးများမှာ မန်ယူအသင်းထံရောက်ရှိလာမည်မဟုတ်ပဲ ဂလေဇာမိသားစုအတွက် သက်သက်သာ ဖြစ်သည်။

ရှယ်ယာများ၏ တန်ဖိုးမှာ ယမန်နေ့က နှုန်းဖြစ်သော ရှယ်ယာတစ်ခုလျှင် ပေါင် ၁၃.၁၉ ကို အတည်ပြုသတ်မှတ်တွက်ချက်ထားခြင်း ဖြစ်သည်။

ဂလေဇာမိသားစုမှာ မန်ယူအသင်းကို ပေါင်သန်း ၇၉၀ ဖြင့် ၂၀၀၅ ခုနှစ်က ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ တွင် ၎င်းတို့ ပိုင်ရှယ်ယာများထဲမှ ၁၀%ကို ထုတ်ရောင်းခဲ့သည်။

မန်ယူအသင်းကို တစ်ဦးတည်းပိုင်(သို့မဟုတ် မိသားစုပိုင်) အဖြစ် လွှဲပြောင်းရောင်းချတော့မည့် ၂၀၀၅ တွင် ထိုကိစ္စအပေါ် ဆန့်ကျင်ခဲ့သူအများအပြားရှိခဲ့သော်လည်း နောက်ဆုံးတွင် မန်ယူမှာ အများပိုင်မှ တစ်ဦးတည်းပိုင်(မိသားစုပိုင်) အဝသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here