MNL News

ဆီးဂိမ်းဖွင့်ပွဲ ပိတ်ပွဲ ရုပ်/သံတိုက်ရိုက်ပြသမည်

Aug 11 , 2017

မလေးရှားဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲ၏ မြန်မာ ယူ-၂ အသင်းယှဉ်ပြိုင်မည့် အုပ်စုပွဲစဉ်များကို မြန်မာ့ရုပ်မြင် သံကြား(MRTV) မှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

"ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာအမျိုးသားဘောလုံးအသင်းယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်တွေကို တိုက်ရိုက်ပြသပေမဲ့ အမျိုးသမီးအသင်း ပွဲတွေ၊ တခြားအားကစားနည်းတွေကိုတော့ မပြသဖြစ်တော့ပါဘူး။ အဲဒီအစား ဆီးဂိမ်းပြိုင်ပွဲတစ်ခုလုံးမှာ မြန်မာပါဝင်တဲ့ အားကစားနည်းတွေကို သတင်းအတိုပုံစံမျိုး နံနက် တစ်ကြိမ်၊ ညနေ တစ်ကြိမ်ပြသပေးမှာပါ။ နောက်တစ်ဆင့် တက်သွားရင်လည်း မြန်မာအသင်းပွဲတွေကို ဆက်လက်ပြသမှာပါ။ MRTV Sport ရုပ်သံလိုင်းမှာလည်း ပြသဖို့ စီစဉ်နေပါတယ်" ဟု MRTV မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၁၇ ဆီးဂိမ်းအမျိုးသား ဘောလုံးပြိုင်ပွဲတွင် မြန်မာ ယူ-၂၂ အသင်းသည် အုပ်စု(က)၌ အိမ်ရှင် မလေးရှား၊ စင်ကာပူ၊ လာအို၊ ဘရူနိုင်းအသင်းတို့နှင့် ကျရောက်နေသည်။ မြန်မာ ယူ-၂၂ အသင်းသည်အုပ်စုပွဲစဉ်များ အဖြစ် ဩဂုတ် ၁၄ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၂နာရီခွဲတွင် စင်ကာပူ၊ ဩဂုတ် ၁၆ ရက် ည ၇နာရီ ၁၅ မိနစ်တွင် လာအို၊ ဩဂုတ် ၁၈ ရက် မွန်းလွဲ ၂နာရီခွဲတွင် ဘရူနိုင်း၊ ဩဂုတ် ၂၁ ရက် ည ၇နာရီ ၁၅ မိနစ်တွင် မလေးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

ထို့ပြင် မလေးရှားဆီးဂိမ်းပြိုင်ပွဲဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားတို့ကို မြန်မာ့ရုပ်မြင်သံကြားက တိုက်ရိုက်ထုတ်လွှင့်ပြသ မည်ဖြစ်ကြောင်း သိရသည်။

U Myo Thant




<< Back MNL News


Advertisement
Here