MNL News

မြန်မာအသင်း ခြေစမ်းပွဲများကစားရန် စီစဉ်

Aug 11 , 2017

အာရှဖလားခြေစစ်ပွဲ တတိယအဆင့်အတွက် ပြင်ဆင်နေသော မြန်မာ့လက်ရွေးစင်အသင်းသည် ဇွဲကပင်ယူနိုက်တက်အသင်းနှင့် ဩဂုတ် ၁၂ ရက် နံနက် ၈နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ခြေစမ်းကစားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ဇူလိုင် ၂၂ ရက်မှစ၍ လေ့ကျင့်လျက်ရှိပြီး လက်ရှိတွင် ပဏာမကစားသမား ၂၀ ဦးရွေးချယ်ထားသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် အာရှဖလား တတိယအဆင့် ခြေစစ်ပွဲအဖြစ် စက်တင်ဘာ ၅ရက်တွင် ကာဂျစ္စတန်အသင်းနှင့် အဝေးကွင်းသွားရောက်ကစားရမည်ဖြစ်ပြီး ယင်းခြေစစ်ပွဲစဉ်မတိုင်မီ ပြည်တွင်းခြေစမ်းပွဲ သုံးပွဲနှင့် နိုင်ငံတကာခြေစမ်းပွဲတစ်ပွဲကစားရန် စီစဉ်ထားကြောင်း သိရသည်။

ထို့ပြင် မြန်မာ့လက်ရွေးစင်အသင်းသည် ဩဂုတ် ၁၂ ရက်တွင် ဇွဲကပင်ယူနိုက်တက်အသင်း ဩဂုတ် ၁၆ ရက်တွင် ဧရာဝတီယူနိုက်တက်အသင်း၊ ဩဂုတ် ၂၃ ရက်တွင် ဟံသာဝတီယူနိုက်တက်အသင်းတို့နှင့် ပြည်တွင်းခြေစမ်းပွဲသုံးပွဲ၊ ဩဂုတ် ၂၉ ရက်တွင် မလေးရှားလက်ရွေးစင်အသင်းနှင့် ရန်ကုန်မြို့၌ ခြေစမ်းပွဲကစားရန် စီစဉ်ထားကြောင်း သိရသည်။

U Myo Thant




<< Back MNL News


Advertisement
Here