Serie-A News

ဈေးခေါ်လိုက်တဲ့ ရိုးမား

Aug 11 , 2017

ဂျူဗင်တပ်အသင်းမှ ခေါ်ယူလိုနေသော စထရော့မန်း၏ ပြောင်းရွှေ့ကြေးမှာ ယူရို ၄၅ သန်းဟု ရိုးမားက ဈေးခေါ်လိုက်သည်။

ဂျူဗင်တပ်အသင်း၏ လောလောဆယ် နံပါတ်တစ် ပစ်မှတ်အဖြစ် ခေါ်ယူလိုနေသော စထရော့မန်းကို လာမည့် အပြောင်း အရွှေ့ရာသီ မကုန်ဆုံးမီ ဂျူဗင်တပ်စုံစမ်းနေခြင်းဖြစ်ပြီး ရိုးမားကလည်း ယူရို ၄၅ သန်း ရမှသာ လက်လွှတ်နိုင်မည်ဟု ဆိုသည်။

ဂျူဗင်တပ်အသင်းမှာ ဟော်လန်ကွင်းလယ်ကစားသမားစထရော့မန်းအတွက် ယူရို သန်း ၃၀ ခန့်ဖြင့် ရရှိမည်ဟု မျှော်လင့် ထားခဲ့ခြင်း ဖြစ်သည်။

ထို့အတူ ဂျူဗင်တပ်အသင်းမှာ လီဗာပူးမှ အမ်မရီကန်ကိုလည်း ယူရို ၂၃ သန်းဖြင့် ကမ်းလှမ်းထားပြီး လီဗာပူးအသင်းက ထို့ထက်ပို လိုချင်နေသော်လည်း ဂျာမနီလက်ရွေးစင် အမ်မရီကန်မှာ စာချုပ်သက်တမ်းတိုးရေးကို ပယ်ချထားက အသင်းပြောင်း ခွင့်တောင်းဆိုထားကြောင်း သိရသည်။

U Myo Thant




<< Back Serie-A News


Advertisement
Here