La-liga News

ဒမ္ဘီလီကို မှန်းပြန်တဲ့ ဘာစီလိုနာ

Aug 11 , 2017

လာလီဂါပွဲစဉ်များ စတင်ရန် နီးကပ်လာချိန်တွင် ဘာစီလိုနာအသင်းမှာ ဂျာမနီကလပ် ဒေါ့မွန်မှ ဒမ်ဘီလီကို ခေါ်ယူရန် ကြိုးစားနေပြီး ဒေါ့မွန်ကမူ ပယ်ချထားကြောင်း သိရသည်။

ပြင်သစ်လက်ရွေးစင် ဒမ်ဘီလီမှာ အသင်းပြောင်းချင်သောဆန္ဒကြောင့် ကြာသပတေးနေ့ လေ့ကျင့်ရေးကို မလာရောက်ပဲနေခဲ့ရာ အသင်းတာဝန်ရှိသူများက ပွဲပယ်နှင့် ဒဏ်ကြေးများ ချမှတ်ထားကြောင်း ဘာစီလိုနာသို့ ပြောင်းရွှေ့ရေးမှာလည်း လောလော ဆယ်တွင် မဖြစ်နိုင်သေးကြောင်း တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့သည်။

ပြင်သစ်လက်ရွေးစင်အသင်းအတွက် ၇ကြိမ် ကစားပေးခဲ့ဘူးသော ဒမ်ဘီလီကို လာမည့် တနင်္လာနေ့အထိ ပြစ်ဒဏ်ချမှတ် ထားကြောင်း သိရပြီး PSG သို့ ပေါင်သန်း ၂၀၀ ဖြင့် ပြောင်းရွှေ့သွားခဲ့သော နေမာ၏ နေရာတွင် ထိုးရန် ဘာစီလိုနာက ကြံ ရွယ်နေခြင်းဖြစ်ကာ ပေါင် ၃၅ သန်းအထိ ဈေးတိုးမြှင့် ကမ်းလှမ်းထားသည်ဟု ဆိုသည်။

ဒေါ့မွန်မှာ ဒမ်ဘီလီကို ၂၀၁၆ မေလတွင် ပြင်သစ်ကလပ် ရိန်းစ်ထံမှ ၅နှစ်စာချုပ်ဖြင့် ခေါ်ယူထားခဲ့ခြင်း ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here