MNL News

လူမျိုးခွဲခြားမှုမရှိရန် ဥက္ကဋ္ဌ ဦးဇော်ဇော်တိုက်တွန်း

Aug 12 , 2017

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်သည် မလေးရှားနိုင်ငံ၌ ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် မြန်မာ့လက်ရွေးစင်အသင်းများနှင့် တွေ့ဆုံခဲ့ပြီး စည်းကမ်းပြည့်ဝစွာကစားကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲကို ဩဂုတ် ၁၀ ရက်နေ့က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့လက်ရွေးစင်ယူ-၂၂ အမျိုးသားအသင်း၊ လက်ရွေးစင်အမျိုးသမီးအသင်း၊ ဖူဆယ်အမျိုးသားနှင့် အမျိုးသမီးအသင်းတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

"ဆီးဂိမ်းမှာ မြန်မာဘောလုံးက အသင်း လေးသင်းပါဝင်ယှဉ်ပြိုင်မှာပါ။ အားကစားအဖွဲ့ထဲမှာ အရေအတွက် အများဆုံးပါ။ ဒါကြောင့်လည်း တစ်နိုင်ငံလုံးက ပရိသတ်တွေ မျှော်လင့်ချက်ထားကြတာပါ။ ရုပ်သံကလည်း ပြသနေမှာဖြစ်လို့ ကစားသမား အားလုံးအမြင့်ဆုံးစွမ်းဆောင်ရည်ကို ထုတ်ဖော်ပြီး နိုင်ငံအတွက် ပေးဆပ်ကြပါ။ မလေးရှားနိုင်ငံမှာ ယှဉ်ပြိုင်နေစဉ်အတွင်း စည်းကမ်းပြည့်ဝစွာ ကစားပါ။ အားကစားစိတ်ဓာတ်အပြည့်နဲ့ ယှဉ်ပြိုင်ကစားကြဖို့ လိုပါတယ်။ အားကစားမှာ နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေးခွဲခြားမှု မရှိပါဘူး။ စည်းကမ်းရှိရှိနဲ့ ယှဉ်ပြိုင်ကြဖို့မှာကြားချင်ပါတယ်" ဟု ဦးဇော်ဇော်က ပြောသည်။

U Myo Thant




<< Back MNL News


Advertisement
Here