EPL News

မိုဗစ်နှင့် ဆွေးနွေးမည့် မန်ယူ

Aug 12 , 2017

မန်ယူအသင်းမှာ ဒဏ်ရာမှ ပျောက်ကင်းလာသော တိုက်စစ်မှုးမိုဗစ်ကို စာချုပ် ပြန်လည်ချုပ်ဆိုခေါ်ယူနိုင်ရေးအတွက် ဆွေးနွေးမည် ဟု ဆိုသည်။

အသက် ၃၅ နှစ်အရွယ် မိုဗစ်မှာ လွန်ခဲ့သော ဇွန်လက မန်ယူနှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့သူဖြစ်သော်လည်း ဒဏ်ရာပျောက် ကင်းရန်အတွက် မန်ယူလေ့ကျင့်ရေးကွင်းတွင် ကြံ့ခိုင်ရေး အစီအစဉ်များနှင့် ဆက်ရှိနေဆဲ ဖြစ်သည်။

ဒဏ်ရာခွဲစိတ်ခံထားရသည့် မိုဗစ်မှာ လာမည့် ဒီဇင်ဘာလခန့်တွင်မှ ကြံ့ခိုင်မှုအပြည့်ဖြင့် ကစားလာနိုင်မည်ဖြစ်ပြီး မန်ယူက ထိုအချိန်မှသာ ခေါ်ယူရန် ကြံရွယ်ထားခြင်း ဖြစ်သည်။

နည်းပြ မော်ရင်ဟိုက သူ့အနေနှင့် မိုဗစ်ကို ယခုရာသီ ဒုတိယပိုင်းတွင် ပြန်လည်ခေါ်ယူနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း မိုဗစ်အနေနှင့် ကြံ့ခိုင်မှု ပြည့်ဝလာစေရေးအတွက် အချိန်ပေးရဦးမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

မိုဗစ်မှာ ၂၀၁၆ ဇူလိုင်လတွင် မန်ယူနှင့် ၁နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး ပြိုင်ပွဲအားလုံးအတွက် ၄၆ ပွဲကစားခွင့်ရခဲ့ရာတွင် ၂၈ ဂိုး သွင်းယူပေးခဲ့သူ ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here