EPL News

စိတ်ပျက်သွားတဲ့ ရှိတ်စပီးယား

Aug 12 , 2017

အာဆင်နယ်အသင်းရခဲ့သည့် တတိယဂိုးမှာ အိုဇေးလ်၏ လက်ထိဘောမှတစ်ဆင့် ရသွားခဲ့ခြင်းအပေါ် စိတ်ပျက်မိကြောင်း လက်စတာနည်းပြ ရှိတ်စပီးယားက ပြောဆိုလိုက်သည်။

အာဆင်နယ်အသင်းမှာ ဦးဆောင်ဂိုး စသွင်းနိုင်ခဲ့သော်လည်း ပွဲချိန် ၂၉ မိနစ်တွင် လက်စတာက ၂-၁ဖြင့် ဦးဆောင်ခွင့်ရခဲ့သကဲ့သို့ ၅၆ မိနစ်တွင်လည်း ၃-၂ဖြင့် အာဆင်နယ်အပေါ် အနိုင်ကစားထားနိုင်ခဲ့သည်။ သို့သော် ၈၃ မိနစ်တွင် အိုဇေးလ်က ဘောလုံးကို လက်ဖြင့် ထိန်းကာ ယူသွားမှုတွင် ကွင်းလယ်ဒိုင်လူကြီး မိုက်ခ်ဒင်းက အရေးယူမှုမရှိခဲ့ပဲ ရမ်ဆေးက အာဆင်နယ်အတွက် ချေပဂိုးသွင်းသွားနိုင်ခဲ့သည်။

အကယ်၍ ထိုလက်ထိဘောကို ကွင်းလယ်ဒိုင်ကသာ ပြစ်ဒဏ်ဘောအဖြစ် သတ်မှတ်ခဲ့ပါက အာဆင်နယ်အနေနှင့် တတိယမြောက် ချေပဂိုးရရှိရေးမှာ မရေရာသော အနေအထားဖြစ်သည်။

သို့သော် ၃ဂိုးစီ သရေကျသွားခဲ့ပြီးနောက် ကံတရားမှာ အာဆင်နယ်ဘက်ပါလာခဲ့ကာ ၈၅ မိနစ်တွင် ဂီရော့ဒ်က အိမ်ရှင်အာဆင်နယ်အတွက် အဖိုးတန်အနိုင်ဂိုး သွင်းယူထားနိုင်ခဲ့သည်။

အာဆင်နယ်အတွက် ပွဲချိန် ၂ မိနစ်တွင် ဦးဆောင်ဂိုး စတင်သွင်းပေးနိုင်ခဲ့သော လူသစ်ကစားသမား လာကာဇက်တီကို အသင်းဖော်များနှင့် ပရိသတ်များက ဝိုင်းဝန်းချီးကျူး ဂုဏ်ပြုခဲ့ကြသည်။

U Myo Thant




<< Back EPL News


Advertisement
Here