Europe News

အိမ်ရှင်လုပ်လိုသော မော်ရိုကို

Aug 12 , 2017

အာဖရိကနိုင်ငံတစ်ခုဖြစ်သော မော်ရိုကိုက လာမည့် ၂၀၁၆ ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်အတွက် လျှောက်ထားပြီး ဖြစ်သည်။

ကမ္ဘာ့ဘောလုံးအဖွဲချုပ် ဖီဖာအနေနှင့် ၂၀၁၆ အတွက် အိမ်ရှင်အဖြစ်လျှောက်ထားရန် နောက်ဆုံးသတ်မှတ်ရက်မှာ သောကြာနေ့ ကဖြစ်ပြီး လွန်ခဲ့သော ဧပြီလတွင် အမေရိကနိုင်ငံများဖြစ်သော အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုတို့က ၃နိုင်ငံပေါင်း၍ ပူးတွဲ အိမ်ရှင်လုပ်ခွင့်လျှောက်ထားပြီး ဖြစ်သည်။

ကမ္ဘာ့ဖလားပွဲများကို တိုက်ကြီးများအလိုပ် ကျင်းပနေခဲ့သော်လည်း အာဖရိကအတွက်မူ ၂၀၁၀က တောင်အာဖရိကက တစ်ကြိမ်သာ အိမ်ရှင်လုပ်ခွင့်ရခဲ့ပြီး အခြား မည်သည့် အာဖရိက နိုင်ငံတွင်မျှ ကမ္ဘာ့ဖလားပွဲကို ကျင်းပခဲ့ခြင်း မရှိသေးပေ။

မော်ရိုကိုမှာ အိမ်ရှင်လုပ်ခွင့်အတွက် တက်ကြွကြိုးစားသော နိုင်ငံတစ်ခုဖြစ်ပြီး ယခုတစ်ကြိမ် အပါအဝင် ၅ကြိမ်မျှ လျှောက်ထား ခဲ့ပြီး ဖြစ်သည်။

အာဖရိကဘောလုံးအဖွဲ့ချုပ်အနေနှင့် မော်ရိုကို၏ လျှောက်ထားမှုကို ထောက်ခံပေးလိမ့်မည် ဖြစ်သည်။

ယင်း ၂၀၁၆ တွင် ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ၃၂ သင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်မှ ၄၈ သင်းအထိ တိုးမြှင့်ခွင့်ပြုမည်ဖြစ်ပြိး Play-Off အဆင့် ပွဲစဉ်များ ပါဝင်မည်ဟု ဆိုကာ ယင်း ၂၀၂၆ အတွက် အိမ်ရှင်မည်သူဖြစ်မည်ဆိုသည်ကို ၂၀၂၀ တွင် သိရမည် ဖြစ်သည်။

၂၀၁၈ အိမ်ရှင်ရုရှမှာ ဥရောပဖြစ်ပြီး ၂၀၂၂ အိမ်ရှင်ကာတာမှာ အာရှမှဖြစ်သဖြင့် ၂၀၂၆ တွင် ဥရောပနှင့် အာရှနိုင်ငံများတွင် ကမ္ဘာ့ဖလားပွဲ ကျင်းပခွင့်ပေးမည် မဟုတ်ပေ။

U Myo Thant




<< Back Europe News


Advertisement
Here