Ligue-1 News

ကစားခွင့်ရမည့် နေမာ

Aug 12 , 2017

ဘရာဇီးသား နေမာအနေနှင့် အပြောင်းအရွှေ့မှတ်ပုံတင်ခြင်းကိစ္စများ အားလုံးပြည့်စုံသွားပြီဖြစ်သဖြင့် မနက်ဖြန် ဂူအင်ဂမ့်နှင့် ကစားရမည့်အဝေးကွင်းပွဲတွင် PSG ကို ကိုယ်စားပြု၍ ပါဝင်ကစားခွင့်ရရှိသွာပြီ ဖြစ်သည်။

ပေါင်သန်း ၂၀၀ ဖြင့် PSG သို့ ရွှေ့ခဲ့သည့် နေမာနှင့် အသင်းဟောင်း ဘာစီလိုနာတို့ကြားတွင် ဖြေရှင်းစရာရှိသည်များကို အားလုံးပြေလည်အောင် ဖြေရှင်းခဲ့ပြီဖြစ်သဖြင့် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က နေမာကို ပြင်သစ်လိဂ်ဝမ်းကစားသမားအဖြစ် တရားဝင်ခွင့်ပြုလိုက်ပြီ ဖြစ်သည်။

နေမာအနေနှင့် ဘာစီလိုနာနှင့် ကိစ္စများ မပြီးပြတ်သေးသဖြင့် ပြင်သစ်လိဂ်ဝမ်း ပွဲစဉ် ၂ အဖြစ် ဂူအင်ဂမ့်နှင့် ပွဲကို လွဲချော်တော့မည်ဟု ထင်မှတ်ခဲ့ကြရာမှ ယခု ကစားခွင့်ရလာခြင်း ဖြစ်သည်။

PSG အသင်းက ထုတ်ပြန်ချက်ထဲတွင် နေမာမှာ ယခုအချိန်မှစ၍ ၂၀၂၂ ဇွန်လ ၃၀ ရက်နေ့အထိ PSG ကစားသမားအဖြစ် ရှိနေလိမ့်မည်ဟု ၅နှစ် သက်တမ်းစာချုပ်ကို ရည်ညွှန်း၍ ဖော်ပြခဲ့သည်။

PSG အသင်းမှာ ပွဲစဉ် ၁ အိမ်ကွင်းပွဲတွင် အနိုင်ရထားသော အသင်းဖြစ်ပြီး ဂူအင်ဂမ့်မှာလည်း ပွဲစဉ် ၁ အဝေးကွင်းပွဲတွင် အနိုင်ရထားသော အသင်းဖြစ်သည်။

 

U Myo Thant




<< Back Ligue-1 News


Advertisement
Here