MNL News

မြန်မာ ယူ-၁၈ ချီးကျူးသည့် အင်တာမီလန်နည်းပြ

Aug 14 , 2017

နိုင်ငံတကာခြေစမ်းပွဲအဖြစ် မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်းနှင့် အင်တာမီလန် ယူ-၁၈ အသင်းတို့သည် ဩဂုတ်၁၁ ရက်နေ့ က ပထမဆုံးခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရာ မြန်မာ ယူ-၁၈အသင်းက ရှုံးနိမ့်ခဲ့သော်လည်း အကောင်းဆုံးကစားနိုင်ခဲ့ကြောင်း အင်တာမီလန် ယူ-၁၈ အသင်း နည်းစနစ်ဒါရိုက်တာ မစ္စတာ ဒန်နီရယ်လီဘာဂါဇာလီက ချီးကျူးခဲ့သည်။

မြန်မာ ယူ-၁၈ အသင်းသည် ပထမပိုင်းပွဲကစားချိန်အတွင်း ၃ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယပိုင်းတွင် နှစ်ဂိုးပြန် လည်သွင်းယူနိုင်ခဲ့ပြီး ပွဲအပြီးတွင် ၄ဂိုး-၂ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

"မြန်မာ ယူ-၁၈ အသင်းရဲ့ ကစားပုံက အံ့ဩဖို့ ကောင်းပါတယ်။ ရှုံးနိမ့်ပေမဲ့ အကောင်းဆုံးပုံစံ ပြသနိုင်ခဲ့တယ်။ အထင်ကြီး စရာကောင်းတဲ့ မျိုးဆက်တစ်ခုကို တွေ့ခဲ့ရပါတယ်" မစ္စတာ ဒန်နီရယ်လီဘာဂါဇာလီက ပြောသည်။

မြန်မာ ယူ-၁၈ အသင်းသည် အာဆီယံ ယူ-၁၈ ပြိုင်ပွဲနှင့် အာရှ ယူ-၁၈ ခြေစစ်ပွဲအတွက် ပြင်ဆင်နေခြင်းဖြစ်ပြီး ယခုတစ်ကြိမ် အင်တာမီလန်အသင်းနှင့် ကစားသော နိုင်ငံတကာခြေစမ်းပွဲတစ်ပွဲ ဖြစ်သည်။

မြန်မာ ယူ-၁၈ အသင်းနှင့် အင်တာမီလန် ယူ-၁၈ အသင်းတို့သည် ဩဂုတ် ၁၃ ရက် ညနေ ၆နာရီတွင် ဒုတိယမြောက်ခြေစမ်းပွဲကို ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ကြိုတင်လက်မှတ်များ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

U Myo Thant




<< Back MNL News


Advertisement
Here