MNL News

MNL ယူ-၂၁ ချန်ပီယံ ဧရာဝတီ

Aug 14 , 2017

MNL ယူ-၂၁ အမှတ်ပေးပြိုင်ပွဲ နောက်ဆုံးပွဲကို ယမန်နေ့ညနေပိုင်းတွင် ရန်ကုန်မြို့ အောင်ဆန်းကွင်း၌ကျင်းပရာ ဧရာဝတီ အသင်းက ရတနာပုံအသင်းနှင့် သုံးဂိုးစီသရေကျပြီး အမှတ်ပေးချန်ပီယံဆုကို ပထမဆုံးအကြိမ် ရယူနိုင်ခဲ့သည်။

ဧရာဝတီအသင်းသည် ယခုပွဲတွင် သရေကျရုံဖြင့် ဗိုလ်စွဲနိုင်ခြင်းဖြစ်ပြီး ဒုတိယပိုင်းတွင် သွင်းယူခဲ့သည့်ချေပဂိုးဖြင့် ချန်ပီယံဆုအတွက် လိုအပ်နေသည့် သရေတစ်မှတ်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ရတနာပုံအသင်း၏ ရုန်းအားကြောင့် ဧရာဝတီအသင်း ခက်ခက်ခဲခဲ ကစားခဲ့ရပြီး နောက်မှလိုက်ကစားကာ သရေကျခဲ့ခြင်း ဖြစ်သည်။

ပြိုင်ပွဲအပြီးတွင် ဧရာဝတီအသင်းက ၅၀ မှတ်ဖြင့် ချန်ပီယံဆုရခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းက ရမှတ် ၅၀ ဖြင့် ဒုတိယရခဲ့သည်။ ဧရာဝတီနှင့် ရတနာပုံပွဲအပြီးတွင် ဆုချီုးုမြှင့်ပွဲဆက်လက်ကျင်းပရာ တတိယဆုရ အားကစားနှင့် ကာယပညာသိပ္ပံအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဒုတိယဆုရ ရှမ်းယူနိုက်တက်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုကြေးငွေကျပ်သိန်း ၁၀၀၊ ပထမဆုရ ဧရာဝတီအသင်းအား တစ်ဦးချင်း ဆုတံဆိပ်၊ ဆုကြေးငွေကျပ် သိန်း ၂၀၀နှင့် ဆုဖလားတို့ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နာယက ဦးအောင်ကိုဝင်း၊ ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများ၊ ရှမ်းယူနိုက်တက်အသင်းဥက္ကဋ္ဌ ဦးခွန်နောင်မြင့်ဝေနှင့် စီအီးအိုဦးစောလုလုထော်တို့က ပေးအပ်ခဲ့ကြောင်း သိရသည်။

U Myo Thant




<< Back MNL News


Advertisement
Here