MNL News

ပရိသတ်ပျော်ရွှင်မှုတွက် အဓိကထားကြိုးစားမည့် မြန်မာ

Aug 14 , 2017

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ယမန်နေ့ ကျင်းပသည့် ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းနည်းပြချုပ် ဂတ်ဆီဇီက မြန်မာပရိသတ်များ အားလုံးပျော်ရွှင်စေရန် အဓိကထားကြိုးစား မည်ဖြစ်ကြောင်း သိရသည်။

"ပရိသတ်တွေအနေနဲ့ အာရှဖလားခြေစစ်ပွဲမှာ ဩစတြေးလျလိုအသင်းကို အရေးနိမ့်ပြီး ခြေစစ်ပွဲမအောင်မြင်ခဲ့တာကြောင့် အပြည့်အဝ မပျော်ရွှင်ခဲ့ရဘူး။ ကျွန်တော်တို့အသင်းအနေနဲ့ ဒီတစ်ကြိမ်မှာ ပရိသတ်တွေ ပျော်ရွှင်စေဖို့ အဓိကထားပြီး ကြိုးစား သွားမှာပါ" ဟု နည်းပြချုပ် ဂတ်ဆီဇီက ပြောသည်။

"ဒီအုပ်စုမှာ ကျွန်တော်တို့အသင်းကတော့ အသက် ၁၉၊ ၂၀ ဝန်းကျင်တွေဖြစ်တဲ့အတွက် ဒီကစားသမားတွေနဲ့ အနာဂတ် အသင်းကောင်းတစ်သင်းဖြစ်ဖို့ ရည်ရွယ်ထားတာပါ။ လက်ရှိ ဆီးဂိမ်းကိုလည်း ရလဒ်ကောင်းရဖို့ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင် သွားပါမယ်" ဟု စင်ကာပူ ယူ-၂၂ အသင်း နည်းပြချုပ် တယ်ဒီက ပြောသည်။

ဆီးဂိမ်းပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်များကို ဩဂုတ် ၁၄ ရက်တွင် စတင်မည်ဖြစ်ပြီး မြန်မာ ယူ-၂၂ အသင်းမှာ စင်ကာပူအသင်းနှင့် စတင်ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

U Myo Thant




<< Back MNL News


Advertisement
Here