MNL News

ဆီးဂိမ်းပြိုင်ပွဲများ LED Board များဖြင့် ပြသမည်

Aug 14 , 2017

မလေးရှားနိုင်ငံ၌ ဩဂုတ် ၁၄ ရက်တွင် စတင်ကျင်းပမည့် (၂၉) ကြိမ်မြောက် ဆိးဂိမ်းပြိုင်ပွဲ အမျိုးသားဘောလုံးပွဲစဉ်များကို ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ ဘောလုံးပွဲစဉ်မျာကို LED Board များဖြင့် ပြသရန် 100 Plus နှင့် ပရီးမီးယားကော်ဖီတို့မှ စီစဉ်ထားကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံနှင့် မန္တလေးမြို့၌ မနော်ရမံကွင်းတို့တွင် ဘောလုံးပွဲစဉ်များကို LED Board များဖြင့် ပြသမည် ဖြစ်သည်။ ထို့ပြင် နိုင်ငံကျော်အနုပညာရှင်များဖြစ်သည့် မေခလာ၊ အစ္စဏီ၊ ဖြိုးပြည့်စုံ၊ ဆိုဖီယာနှင့် ဝိုင်းလေးစသည့် အနုပညာရှင်များက လာရောက်အားပေးကြည့်ရှုပြီး ပရိသတ်များက ဖျော်ဖြေရေါ်အစီအစဉ်များဖြင့် တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆီးဂိမ်းပြိုင်ပွဲ အမျိုးသားဘောလုံးပွဲစဉ်များကို ဩဂုတ် ၁၄ ရက်တွင် စတင်မည်ဖြစ်ပြီး မြန်မာ ယူ-၂၂အသင်းသည် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် စင်ကာပူအသင်းနှင့် လည်းကောင်း၊ ဩဂုတ် ၁၆ ရက်တွင် အိမ်ရှင်မလေးရှားအသင်းတို့နှင့် လည်းကောင်း ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

U Myo Thant




<< Back MNL News


Advertisement
Here